လက်သည်းခြေသည်းအရှည်ထားပြီး လက်သည်းနီကို ပုံအမျိုးမျိုးဖော် ဆိုးနေကြတဲ့ခေတ်မှာ အမျိုးသမီးတိုင်း လက်သည်းခြေသည်းလှလှကို ပိုင်ဆိုင်ချင်ကြပါတယ်။ လက်သည်းအရှည်နှေးရတာ၊ လက်သည်း မကြာခဏဆိုသလို ကျိုးပဲ့ရတာတွေဟာ အာဟာရဓာတ်မရှိခြင်း၊ ဆေးဝါး၊ နှလုံးကျန်းမာရေးနဲ့ ဟော်မုန်းအပြောင်းအလဲတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် ကြက်သွန်ဖြူကိုသုံးပြီး သင့်လက်သည်းခြေသည်းတွေကို အမြန်ဆုံး အရှည်မြန်ပြီး သန်မာအောင် လုပ်လို့ရပါတယ်။

ကြက်သွန်ဖြူမှာ ဘက်တီးရီးယားဆန့်ကျင်ပစ္စည်းနဲ့ မှိုဆန့်ကျင်ပစ္စည်းတွေပါဝင်ပြီး သင့်လက်သည်းတွေကို အမြန်ဆုံး သန်မာစေမှာဖြစ်ပါတယ်။

ကြက်သွန်ဖြူကို သင့်လက်သည်းအတွက် အသုံးပြုရမှာ ကြက်သွန်ဖြူကို ပါးပါးလှီးပြီး လက်သည်းမှာ ပွတ်ပြီးသုံးနိုင်သလို ကြက်သွန်ဖြူကို ညက်အောင်ထောင်းပြီး လက်သည်းပေါ်မှာ ပွတ်လိမ်းနိုင်ပါတယ်။

ပြီးရင် မိနစ် အနည်းငယ်လောက်ထားပြီး ရေဆေးချပေးလိုက်ပါ။

ပုံမှန်လုပ်ပေးမယ်ဆိုရင် သင့်လက်သည်းအတွက် ကောင်းမွန်ပါတယ်။

ဗီတာမင် E

လက်သည်းအရှည်မြန်စေဖို့ ဗီတာမင် E ကိုလည်း သုံးလို့ရပါတယ်။

ဗီတာမင် E အဆီကို အုန်းဆီ (သို့) သံလွင်ဆီနဲ့ရောလိုက်ပြီး နည်းနည်းလောက် အပူပေးလိုက်ပါ။ ပြီးရင် လက်သည်းမှာလိမ်းပေးပြီး နာရီဝက် တစ်နာရီလောက်ထားပါ။ အဲဒီနောက် ရေဆေးချလိုက်ပါ။