၂၀၁၃ ခုနှစ်က နယူးဆော့သ်ဝေးတက္ကသိုလ်က သုတေသီတွေဟာ အမျိုးသမီးတွေ စိတ်ထဲမှာ အဆွဲဆောင်နိုင်ဆုံး Facial Hair Style က ဘယ်လိုမျိုးလဲဆိုပြီး လေ့လာခဲ့ကြပါတယ်။ သုတေသီတွေဟာ အမျိုးသမီး ၃၅၁ ယောက်ကို တူညီတဲ့ Facial Hair အတိုင်းအတာနဲ့ အမျိုးသား ၁၀ ဦးရဲ့ ဓါတ်ပုံတွေကို ပြသခဲ့ပါတယ်။

ဒီပုံတွေမှာ လုံးဝ မုတ်ဆိတ်/နှုတ်ခမ်းမွေး ရိတ်ထားသူကနေ မုတ်ဆိတ်နှုတ်ခမ်းမွေးအပြည့် Fully Bearded ထားသူတွေပါ ပါဝင်ခဲ့ပါတယ်။ စစ်တမ်းမှာ ဖြေဆိုသူ အမျိုးသမီးတွေအတွက် ဆွဲဆောင်မှု အရှိဆုံးနဲ့ အနှစ်သက်ဆုံး ဒီဇိုင်းက မုတ်ဆိတ်ရိတ်ပြီး ၁၀ ရက်လောက်မှာ မြင်ရတဲ့ မုတ်ဆိတ်အရှည်ပမာဏ ဖြစ်တယ်လို့ ဆိုပါတယ်။

၁၀ ရက်အကြာမှာ ပေါက်လာတဲ့ မုတ်ဆိတ်အရှည်ဟာ ၄ မီလီမီတာကနေ ၅ မီလီမီတာအကြား ရှည်ပါတယ်။ သင်လည်း ဆွဲဆောင်မှု မြင့်တဲ့ မုတ်ဆိတ်/နှုတ်ခမ်းမွေးဒီဇိုင်းထားချင်တယ်ဆိုရင် ဒီအဆင့်လေးတွေနဲ့ သွားဖို့ လိုပါတယ်။

(၁) အရင်ဆုံး မုတ်ဆိတ်ရှည်အောင် ထားပါ

Deciding to shave

Photo: Freepik

ပထမဆုံးအကြိမ် မုတ်ဆိတ်ထားမယ်ဆိုရင် ၁ ပတ် ၁၀ ရက်လောက် ဒီအတိုင်း အရှည်ထားပါ။ သွားပြီး မရိတ်မိပါစေနဲ့။

(၂) Trimmer သုံးပါ

Man shaving his beard

Photo: Freepik

နောက်တစ်ဆင့်က သင့်မှာ မုတ်ဆိတ်နဲ့ နှုတ်ခမ်းမွေးကို ပါးဖို့ Trimmer တစ်လက် ရှိထားဖို့ လိုပါတယ်။ Trimmer ကို ၄ မီလီမီတာ ဒါမှမဟုတ် ၅ မီလီမီတာထားပေးထားပါ။ မုတ်ဆိတ်နဲ့ နှုတ်ခမ်းမွေးတွေ ရှည်လာရင် Shaver နဲ့ မရိတ်ပါနဲ့။ Trimmer နဲ့ ကိုယ်မလိုချင်တဲ့ အပိုင်းလေးတွေ လိုက်ပြီးတိပေးပါ။

(၃) လည်ပင်းအောက်ပိုင်းကို ရိတ်ပေးနိုင်ပါတယ်

Bearded man using electric razor

Photo: Freepik

မေးစေ့အောက် လည်ပင်းတစ်ဝိုက်မှာ အမွေးအမှင်တွေ ရှိနေတယ်ဆိုရင် Shaving Cream သုတ်ပြီး ဓါးသွားနဲ့ သေသပ်အောင် ရိတ်ထားသင့်ပါတယ်။ ဒါမှသာ သင်ထားတဲ့ မုတ်ဆိတ်က ပိုပြီး ဒီဇိုင်းကျမှာ ဖြစ်ပါတယ်။

(၄) ဘေးအနားတွေ တိုအောင်တိထားပါ

Handsome man cutting beard at a barber salon

Photo: Freepik

နားရွက်ဘေးနားက ဒေါက်တွေ ထူနေရင် ၊ ဒါမှမဟုတ် ပါးသိုင်းမွေးတွေ ရှိနေရင်လည်း ဘီးတစ်ချောင်းသုံးပြီး ခပ်ပါးပါးဖြစ်အောင် Trimmer နဲ့တိပေးသင့်ပါတယ်။ ဒါဆိုရင် Facial Hair ဟာ သပ်သပ်ရပ်ရပ်နဲ့ ပိုပြီး ကြည့်ကောင်းသွားမှာ ဖြစ်ပါတယ်။