အခုပြောမယ့် တစ်ကိုယ်ရည်အလှအပရေးရာ အမှားတွေ လုပ်နေမိရင် စိတ်မကောင်းမဖြစ်ပါနဲ့။ ယောင်္ကျားလေး အတော်များများက ဒီအမှားတွေ လုပ်မိတတ်လို့ ဖြစ်ပါတယ်။ ဒီအမှားတွေကို ပြင်ဖို့ကလည်း ခက်လှတယ်တော့ မဟုတ်ပါဘူး။ ကဲ .. ဘယ်လိုအမှားတွေ ဖြစ်မလဲဆိုတာ ကြည့်ရအောင်ပါ။

(၁) မုတ်ဆိတ်ရိတ်ဓါးဟောင်းတွေ သုံးခြင်း

Shaving concept with attractive young man

Photo: Freepik

မုတ်ဆိတ်ဓါးကို ထပ်ချည်းတလဲလဲ သုံးနေမိတယ်ဆိုရင် ဒီအကျင့်ကို ဖြတ်လိုက်ဖို့ အကြံပေးချင်ပါတယ်။ မုတ်ဆိတ်ရိတ်ဓါးဟာ တစ်ခါ နှစ်ခါလောက်ပဲ သုံးလို့ ကောင်းတာ ဖြစ်ပါတယ်။ မုတ်ဆိတ်ရိတ်ဓါး‌ဟောင်းတွေ သုံးမယ်ဆိုရင် အသားအရေ ထိခိုက်ပျက်စီးနိုင်ပါတယ်။ အရေပြား ယားယံပြီး Skin Burn ဖြစ်နိုင်သလို အခန့်မသင့်ရင် ဓါးရှဖို့ ရှိပါတယ်။ လျှပ်စစ်မုတ်ဆိတ်ဓါးသုံးမယ်ဆိုရင်တောင် အထဲက ဓါးသွားကို ၄ လနဲ့ ၁၈ လအကြားတစ်ခါလောက် အသစ်လဲပေးသင့်ပါတယ်။

(၂) နှုတ်ခမ်းမွေး နှုတ်ခြင်း

European brutal man with a beard cut in a barbershop

Photo: Freepik

နှုတ်ခမ်းမွေးငုတ်စိလေးတွေကို နှုတ်မယ်ဆိုရင် မုတ်ဆိတ်နှုတ်ခမ်းမွေး ပေါက်တာ ကျိုးတိုးကျဲတဲနဲ့ အကြည့်ရဆိုးလာပါမယ်။ နောက်ပြီး နှုတ်ခမ်းမွေးနှုတ်ခြင်းအားဖြင့် အမာရွတ်ပါ ဖြစ်နိုင်ပါတယ်။ အကောင်းဆုံးက ရေနွေးနွေးနဲ့ ဆွတ်ပြီးမှ နှုတ်ခမ်းမွေးရိတ်ဖို့ပါပဲ။

(၃) Hot Showers အချိုးများခြင်း

Man taking a bath in bathroom

Photo: Freepik

ရေချိုးမယ်ဆိုရင် မအေးလွန်း မပူလွန်းတဲ့ ရေမျိုးပဲ ချိုးပေးသင့်ပါတယ်။ အပူမြင့်တဲ့ ရေကို ချိုးမယ်ဆိုရင် အသားအရေ ခြောက်ကပ်ပြီး အရေပြား အနီကွက်တွေ ထ, လာနိုင်ပါတယ်။ အသားအရေကျန်းမာဖို့အတွက်ဆိုရင် ရေကို ကြက်သီးနွေးထက် ပိုမပူတဲ့‌ရေပဲ ချိုးပေးဖို့ လိုပါတယ်။

(၄) အရည်အသွေးနိမ့် အလှကုန်တွေ သုံးခြင်း

Man wants to take a shower

Photo: Freepik

အမျိုးသားတွေဟာ အမျိုးသမီးတွေထက် အလှကုန်ပစ္စည်းတွေနဲ့ ခေါင်းစား မခံပါဘူး။ သုံးတဲ့ပစ္စည်းကလည်း များများစားစား မဟုတ်ဘဲ မျက်နှာသစ်ဆေး ၊ ခေါင်းလျှော်ရည် နဲ့ Shaving Products ‌တွေလောက်ပါပဲ။ အလှကုန်ပစ္စည်းဝယ်ချိန်မှာလည်း အရည်အသွေးနဲ့ ပါဝင်ပစ္စည်းကို သိပ်ကြည့်လေ့ မရှိပါဘူး။
နောက်ဆိုရင်တော့ Grooming ထုတ်ကုန်တွေ သုံးမယ်ဆိုရင် နည်းနည်းပါးပါး မေးမြန်းစုံစမ်းပြီးမှ ဝယ်ယူဖို့ အကြံပေးချင်ပါတယ်။