မိုးရာသီဆို ဘယ်နေရာကိုကြည့်ကြည့် စိမ်းစိမ်းစိုစိုနဲ့မလို့ လူတိုင်းရဲ့စိတ်ထဲမှာစွဲနေတဲ့ အရောင်က အစိမ်းရောင်ပါ။ ဒါကြောင့် ဒီရာသီမှာ အသစ်အဆန်းတစ်ခုခုကို စမ်းကြည့်ဖို့တွေးနေရင် ဒီရာသီရဲ့သင်္ကေတဖြစ်တဲ့ အစိမ်းရောင်ကို စမ်းကြည့်ပါ။
ဒါကတော့ လတ်ဆက်မှုကို ခံစားရစေမယ့် အစိမ်းရောင် Nail Ideas တွေပါ။
အမြဲတမ်းစတိုင်လ်ကျပြီး ရိုးရိုးရှင်းရှင်းလေးကြိုက်ရင် ဒီလိုပြောင်လေးဘဲ ဆိုးကြည့်ပါ။
အပြောင်းအလဲလေးဖြစ်ချင်ရင် ဒီလို အလတ်လတ်လေးရောဆိုးကြည့်ပါ။
အစိမ်းရောင်တွေထဲကမှ ဒီလိုမြစိမ်းရောင်လေးကလည်း တောက်တောက်ပပနဲ့ လှတဲ့အရောင်လေးပါ။
ဒီလို အဖြူရောင်ပန်းပွင့်လေးနဲ့ဆို နူးညံ့ပြီး သဘာဝကျကျနဲ့ ချစ်ဖို့ကောင်းတဲ့ Look လေး ရပါတယ်။
ပုံဖော်တာလည်းကြိုက်တယ် ရိုးရိုးရှင်းရှင်းလေးဘဲ ကြိုက်ရင်တော့ ဒီလိုပုံဖော်ကြည့်ပါ။
အဖြူနဲ့အစိမ်းရောထားတဲ့ ဒီလိုမျိုးလေးကလည်း တစ်မျိုးလေးဆန်းသစ်တဲ့ဒီဇိုင်းလေးပါ။
အစိမ်းရောင်ကိုမှ ဒီလို Different Shade တွေကို ရောဆိုးတာလည်း ခပ်မိုက်မိုက် Look လေးပါပဲ။