“သူက ငါ့အကြောင်းကော တွေးရဲ့လား” ဆိုတာက မိန်းကလေးတိုင်း သိချင်တဲ့ ယေဘုယျမေးခွန်းတစ်ခုပါပဲ။ သင်တို့ နှစ်ယောက်အတူမရှိတဲ့အချိန် သူက သင့်ကို သတိရနေကြောင်း သိခွင့်ရှိတာက ကံကောင်းမှုတစ်ခုပါပဲ။ သင်က သူ့ကို သင့်အကြောင်းအမြဲသတိရစေချင်ရင်တော့ ဒီလိုနည်းလမ်းတွေနဲ့ ညို့ယူထားနိုင်ပါတယ်။

၁။ ကိုယ့်ရပ်တည်ချက်နဲ့ကိုယ်နေပါ

ယောကျာ်းလေးတစ်ယောက်နောက်ကို အမြဲလိုက်နေတဲ့ မိန်းကလေးတွေကို ဘယ်ကောင်လေးမှ သဘောမကျကြပါဘူး။ သင့်ကို သူက လွမ်းတာ လိုချင်ရင်တော့ သင့်အကြောင်းအစစ်အမှန်ကို ပြသရပါမယ်။ အမြဲကပ်ပြီး သူ့အကြိုက်လိုက်စရာမလိုပါဘူး။

၂။ သင်းရနံ့တစ်ခု စွဲစွဲမြဲမြဲထားပါ

Photo Source: Style Craze

သတိရလွမ်းဆွတ်နေစေမယ့် လက်နက်ထဲမှာ မွှေးရနံ့ကလည်း ပါဝင်နေပါတယ်။ သင့်အကြောင်းစဉ်းစားလိုက်တာနဲ့ သင့်ရဲ့သင်းရနံ့လေးပါ မှတ်မိလာစေဖို့ ကြိုးစားသင့်ပါတယ်။ ရေမွှေးတစ်မျိုးဆို ဒါကိုပဲ စွဲသုံးသင့်ပါတယ်။

၃။ အလှဆုံးနေပေးပါ

အလှဆုံးနေပါဆိုလို့ အမြဲမိတ်ကပ်လိမ်းနေစရာမလိုပါဘူး။ အမြဲလည်း ဖက်ရှင်ကျကျဝတ်စရာမလိုပါဘူး။ ကိုယ့်ဝတ်ဆင်ပုံကို စတိုင်တစ်မျိုးတည်းသွားပေးပါ။ သူ့ကို ပြင်ပ သွင်ပြင်နဲ့အပြင် သင့်ရဲ့ ပင်ကိုစရိုက်အကောင်းဆုံးနဲ့ပါ ဆက်ဆံပေးပါ။

၄။ ခန္ဓာကိုယ်အမူအရာ

Photo Source: Sweety High

ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့ပုံစံနဲ့ သူ့ကို စကားပြောပေးပါ။ ယောကျာ်းလေးတစ်ယောက်ကို ဆွဲဆောင်တဲ့ ခန္ဓာကိုယ်အမူအရာတွေထဲ ပါတာတွေကတော့ မျက်လုံးချင်း ဆုံပြီး စကားပြောတာ၊ သူ့ကို ပြောတဲ့အချိန် ပခုံးကို ကိုင်ထားတာ၊ မထိ တထိလေးထိတာ စတာတွေပါဝင်ပါတယ်။

၅။ သူ့ကို ချီးကျူးပေးပါ

ယောကျာ်းလေးတစ်ယောက်က သူ့ကြိုးစားမှုကို ချီးကျူးတဲ့အခါ အင်မတန်ပျော်တတ်ကြပါတယ်။ အတင်းမြှောက်ပင့်တာမျိုးတော့ မလုပ်မိဖို့ သတိထားသင့်ပါတယ်။

၆။ ဟာသပြောပေးပါ

ဟာသဉာဏ်ရွှင်သူကို လူတိုင်း အမှတ်ရတတ်ပါတယ်။ သင်က ဟာသပြောတတ်တယ်ဆိုရင်တော့ သူနဲ့ပြောတဲ့အခါလည်း ထည့်ပြောပေးပါ။

၇။ မသေချာမရေရာတဲ့ပုံစံလေးလုပ်ပေးပါ

Photo Source: Dating Scout

သူနဲ့ဒိတ်တဲ့အခါ အားသလိုလို မအားသလိုလို ပုံစံလေးလုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက သူ့ကို သင့်အကြောင်း ပိုတွေးမိစေပါတယ်။ အမြဲတမ်းတော့ မလုပ်မိဖို့ သတိထားသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar