မင်္ဂလာပါနော်။ အမျိုးသမီးတိုင်းကျန်းမာဖြူဝင်းတဲ့ အသားအရေကို ရရှိပိုင်ဆိုင်ချင်ကြပါတယ်။ ဒါ့ကြောင့် ကျန်းမာဖြူဝင်းတဲ့ အသားအရေကို ရရှိပိုင်ဆိုင်စေမယ့် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်နော်။

၁။ မျက်နှာကို သေချာသန့်စင်ပါ

သင့်အသားအရေကို သေချာသန့်စင်ပါ။ နေ့စဉ်ထိတွေ့နေတဲ့ အညစ်အကြေးတွေ သေချာ သန့်စင်အောင် မျက်နှာသစ်ပေးရပါမယ်။

၂။ ဆန်ဆေးရည်နဲ့ မျက်နှာသစ်မယ်

ဆန်ဆေးရည်နဲ့ မျက်နှာသစ်ပေးတာဟာ သင့်အသားအရေကို ကြည်လင်စိုပြေစေပါတယ်။ နေ့စဉ် ဆန်ဆေးရည်ကို တိုနာအနေနဲ့ သုံးပေးမယ်ဆိုရင်လည်း ကောင်းမွန်ပါတယ်နော်။

၃။ မျက်နှာကို ပုံမှန်နှိပ်နယ်ပါ

သင့်မျက်နှာအသားအရေကို ပုံမှန်နှိပ်နယ်ပေးပါ။ လက်ချောင်းလေးတွေနဲ့ခပ်ဖွဖွလေး နှိပ်နယ်ပေးပါ။ မနှိပ်နယ်ခင် လက်ကို သေချာဆေးပေးပါ။

၄။ မနက်ပိုင်း ရေနွေးကြမ်းသောက်မယ်

မနက်စောစော Green Tea (သို့) ရေနွေးကြမ်းကို သောက်ပေးပါ။ အစာမစားခင်မှာ သောက်ပေးခြင်းဖြင့် အဆိပ်အတောက်ကင်းစင်ပြီး ကျန်းမာအားပြည့်တဲ့အသားအရေကို ပိုင်ဆိုင်စေမှာဖြစ်ပါတယ်။

၅။ တစ်ပတ်ကို ၂ ကြိမ်လောက် နနွင်းနဲ့ပေါင်းတင်မယ်

နနွင်းမှုန့်နဲ့ ပျားရည်ရောပြီး မျက်နှာကို တစ်ပတ် ၂ ကြိမ်လောက်ပေါင်းတင်ပေးပါ။ အရေးကြောင်းတွေ သက်သာစေပြီး အသားအရေကို ကြည်လင်နုပျိုစေမှာဖြစပါတယ်။

၆။ မျက်လုံးအောက်ကအသားအရေကိုလည်း ဂရုစိုက်ပါ

မျက်ကွင်းညိုတာ မျက်အိတ်ဖောင်းတာမျိုး မဖြစ်စေဖို့ အာလူးအစိမ်းကို ပါးပါးလှီးပြီး ကပ်ပေးပါ။ အဲဒီလိုကပ်ပေးပြီး ၂ နာရီလောက်ထားကာ ရေဆေးချပါ။