လူတိုင်း အသားအရေ နုပျိုစိုပြေချင်ကြပြီး တောက်ပတဲ့အသားအရေကို ပိုင်ဆိုင်ချင်ကြပါတယ်။ အခုလို တောက်ပကြည်လင်တဲ့အသားအရေကို အမှန်တကယ်ပိုင်ဆိုင်စေမယ့် နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။

၁။ သကြားကိုသုံးပြီး အသားအရေကို သန့်စင်ပါ။ ရေချိုးနေရင်း ဆပ်ပြာမတိုက်ခင် သကြားနဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ပွတ်တိုက်ပေးလိုက်ပါ။ ဆဲလ်သေတွေကို ဖယ်ရှားပေးမှာဖြစ်ပြီး သင့်အသားအရေကို ကြည်လင်လာစေမှာပါ။ တစ်ပတ် ၂ ကြိမ်လုပ်ပေးပါ။

၂။ သင့်အသားအရေကို နေ့တိုင်း Lotion (သို့) ခရင်မ်လိမ်းပေးပါ။

၃။ မျက်နှာပေါ်မှာ ကပ်နေတဲ့ ဘက်တီးရီးယားတွေ၊ အဆီတွေကို ဖယ်ရှားနိုင်ဖို့ ညအိပ်ယာမဝင်ခင် မျက်နှာကို cleaner (သို့) ရေနွေးနဲ့ သေချာသစ်ပါ။

၄။ Sunscreen လိမ်းပေးပါ။ အဲဒီလို Sunscreen လိမ်းပေးတာဟာ မျက်နှာပေါ်ကအရေးကြောင်းတွေ၊ အမည်းစက်တွေကို သက်သာစေပြီး အရေပြားကင်ဆာ ဖြစ်ပွားခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။

၅။ ရေများများသောက်ပါ။ ရေများများသောက်တာဟာ သင့်အသားအရေကို စိုပြေစေမှာဖြစ်ပြီး အသားအရေ ကြည်လင်စေမှာဖြစ်ပါတယ်။

၆။ တစ်ပတ်ကိုတစ် ၂ ကြိမ် (သို့) ၃ ကြိမ် ညအိပ်ယာမဝင်ခင် မျက်လုံးအောက်မှာ ရှာစောင်းလက်ပက်လိမ်းပေးပါ။ မျက်လုံးနားတစ်ဝိုက်က အရေးကြောင်းတွေ သက်သာဖို့ဖြစ်ပါတယ်။

၇။ စိတ်ဖိစီးမှုကို ရှင်းထုတ်ပါ။ စိတ်ဖိစီးမှုဟာ သင့်ခန္ဓာကိုယ်အတွက်သာမက အသားအရေကို အမြန်ဆုံး အိုမင်းရင့်ရော်စေပါတယ်။

၈။ အပြင်ကပြန်လာရင် မိတ်ကပ်ကို Remover နဲ့သေချာဖျက်ပေးပြီး မျက်နှာသေချာသစ်ပါ။

၉။ တစ်လကို တစ်ခါ လိမ္မော်ရည်၊ မုန်လာဥနီ၊ ပန်းသီး၊ သခွားသီးတစ်ခြမ်း နဲ့ နံနံပင်အားလုံးကို ရောကြိတ်ပြီး ပေါင်းတင်ပေးပါ။

သင့်ခန္ဓာကိုယ်အချိုးအစား လှပစေမယ့် မနက်ခင်းမှာ ပြုလုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်း ၇ မျိုး

၁၀။ လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်းလုပ်တာဟာ ဇီဝဖြစ်စဉ်ကိုမြင့်တင်ပေးပြီး ဆဲလ်သစ်တွေကို ထုတ်လုပ်ပေးပါတယ်။ ဒါ့ကြောင့် အသားအရေကို စိုပြေစေပါတယ်။

၁၁။ အိပ်ရေး၀၀အိပ်ပါ။ အိပ်ရေး၀၀အိပ်တာဟာ သင့်အသားအရေကို နုပျိုစိုပြေစေပါတယ်။

၁၂။ မျက်လုံးအိတ်သက်သာဖို့အတွက် လက်ဖက်အိတ်ကို ရေနွေးနဲ့ ၃ မိနစ်လောက်စိမ်ပါ။ ပြီးရင်ပြန်ထုတ်ပြီး ရေခဲရေထဲထည့်စိမ်တာ (သို့) ရေခဲသေတ္တာထဲထည့်ပေးနိုင်ပါတယ်။ အေးသွားရင် မျက်လုံးအောက်မှာ ကပ်ပေးထားပါ။

တောက်ပတဲ့ အသားအရေကိုအမှန်တကယ် ပိုင်ဆိုင်စေမယ့် နည်းလမ်းတွေ

၁၃။ အရည်အသွေးကောင်းတဲ့ အလှကုန်ပစ္စည်းတွေကို သုံးပါ။ အခုလို အရည်အသွေးကောင်းတဲ့ အလှကုန်ပစ္စည်းတွေဟာ သင့်အသားအရေ ထိခိုက်ပျက်စီးခြင်းကို လျှော့ချပေးနိုင်ပါတယ်။