ချစ်ရသူနဲ့ လက်ထပ်ပြီးသွားပေမယ့် အိမ်ထောင်ဖက်ကို ဆက်လက်ချိန်းတွေ့နေတာက  သင့်အချစ်ရေးကို ဆက်လက်ရှင်သန်စေတဲ့အရာတွေထဲက  အကောင်းဆုံးနည်းလမ်းတစ်ခုဆိုတာ သိပါရဲ့လား ?

နေ့တိုင်းတွေ့နေရတဲ့ အိမ်ထောင်ဖက်နဲ့ ချိန်းတွေ့ဖို့အတွက် ဘယ်သွားရမလဲ ? ဒါမှမဟုတ် ကိုယ်ချစ်ရသူနဲ့ ဘာလုပ်ရမလဲဆိုတာ စဥ်းစားရခက်နေပြီဆိုရင် ဒီအချက်လေးတွေ လုပ်ကြည့်ပါ။

နှစ်ယောက်လုံးက ကော်ဖီကြိုက်တဲ့လူတွေဆိုရင်တော့ အကြိုက်ဆုံး ကော်ဖီဆိုင်မှာ Date ရင်း ကော်ဖီသောက်ရင်း အချိန်ဖြုန်းလို့ရပါတယ်။

စက်ဘီးအတူတူစီးရင်း သဘာဝလေညှင်းလေးတွေကို အတူတူ  ခံစားလိုက်ပါ။

သီချင်းဆိုရတာဝါသနာပါခဲ့ရင် ကာရာအိုကေလည်း တူတူဆိုလို့ရပါသေးတယ်။

စိတ်လှုပ်ရှား သည်းထိတ်ရင်ဖိုဖြစ်ရတာ ကြိုက်ရင်တော့ အပန်းဖြေဥယျာဉ်သွားပြီး ရိုလာကိုစတာအတူစီးလို့ရပါသေးတယ်။

ဂီတက လူတွေကို အမြဲတမ်းနွေးထွေးစေတာကြောင့် ဂီတဖျော်ဖြေပွဲသွားရင်း အတူကခုန်လိုက်ပါ။

ခရီးတွေထွက်ရင်း ရှုခင်းတွေနဲ့ သဘာဝရဲ့ အငွေ့အသက်တွေ အပြောင်းအလဲတွေကို ခံစားလိုက်ပါ။

ပန်းခြံကိုသွားပါ။ နွေးထွေးတဲ့နေရောင်ခြည်ကို ခံစားရင်း အရသာရှိတဲ့ ပေါင်မုန့်၊ ဝိုင်၊ ဒိန်ခဲနဲ့  ရာသီပေါ်အသီးအနှံလေးတွေ စားလို့ရပါသေးတယ်။


ရင်ခုန်စရာနေ့စွဲဖြစ်ဖို့အတွက်လည်း ညကောင်းကင်ကြယ်တွေကြည့်ရင်း ချိုမြိန်တဲ့အချိန်တွေကို ခံစားလို့ရပါတယ်။