အားလုံးစောင့်မျှော်လျက်ရှိသော ၂၀၂၁ ခုနှစ် National Consumer Promotion အစီအစဉ်၏ အထူးဆုဖြစ်သော ရွှေပုလင်းအား ကံထူးသွားသူကို Grand Royal Special Reserve က ယနေ့ပင် ကြေညာခဲ့သည်။ ကံထူးရှင် ဦးဇော်အောင်အား နိုင်ငံတကာအဆင့်မှီ ပန်းထိမ်လက်ရာများကြောင့် မြန်မာနိုင်ငံတွင် လေးစားအသိအမှတ်ပြုခံရသော အောင်သမာဓိ စိန်ရွှေရတနာဆိုင်နှင့် ရွှေသန့်စင်လုပ်ငန်းမှ ဖန်တီးပေးထားသည့် ရွှေသားအတိ Grand Royal Special Reserve ပုလင်းပုံစံတူကို ရန်ကုန်မြို့၌ ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

Grand Royal Special Reserve က အောင်မြင်မှုသို့လျှောက်လှမ်းရန် စိတ်အားထက်သန်စေပြီး လမ်းခရီးတစ်လျှောက်အခိုက်အတန့်တိုင်းကို ချစ်ခင်ရသူများနှင့်ဆင်နွှဲရင်း ပျော်ရွှင်ဖွယ်အမှတ်တရများ ကူညီဖန်တီးပေးရန် ရည်ရွယ်ပါသည်။ အဆိုပါယုံကြည်ချက်နှင့်အညီ ရွှေပုလင်းအား ကံထူးသွားသူ ဦးဇော်အောင်က “ကျွန်တော်က Grand Royal Special Reserve ကိုပဲ အစဉ်တစိုက်အားပေးနေသူတစ်ယောက်ပါ။ ကောင်းမွန်တဲ့အရသာနဲ့ အဆင့်မြင့်တဲ့အရည်အသွေးကြောင့် Grand Royal Special Reserve က ကျွန်တော်အနှစ်သက်ဆုံးတံဆိပ်ဖြစ်နေတာပါ။ ရွှေပုလင်းကို ကံထူးရတာဟာ ဒီနှစ်အတွက်တော့ စိတ်လှုပ်ရှားစရာအကောင်းဆုံးအခိုက်အတန့်ပါပဲ။ ကျွန်တော် မဲပေါက်ခဲ့တဲ့နေ့ကဆိုရင် အလုပ်တွေအဆင်ပြေလို့ ကိုယ့်ကိုယ်ကို ဆုချမယ်ဆိုပြီး Grand Royal Special Reserve ကိုသောက်ဖို့ ပုလင်းဖုံးကို ဖွင့်လိုက်တဲ့အချိန်မှာ မဲပေါက်တယ်လို့သိသိချင်း ထိုင်နေရာကနေ ထခုန်မိတော့တာပဲဗျာ။ ပြီးတာနဲ့ ဝယ်ခဲ့တဲ့ဆိုင်ကို ချက်ချင်းပဲ
အပြေးသွားမိတာပါပဲ” ဟုပြောကြားသွားခဲ့သည်။

“ကျွန်တော်တို့ကို အစဉ်တစိုက်အားပေးနေကြသူများကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ကမ္ဘာကလေးစားရတဲ့ မြန်မာပြည်ဖွား Grand Royal Special Reserve ရဲ့ National Consumer Promotion အစီအစဉ်ကို ဒီ ၂၀၂၁ ခုနှစ်အတွက် ထပ်မံကျင်းပရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ကုန်အမှတ်တံဆိပ်ဟာ အကောင်းဆုံးကိုပဲ ထိုက်တန်တယ်ဆိုတဲ့ ခံစားချက်ကို အားလုံးအတွက် အမြဲ ပေးစွမ်းနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ Grand Royal Special Reserve ရွှေသားပုလင်း ကံထူးရှင်ရဲ့ အပျော်တွေကို ဒီကနေ့ဆုပေးပွဲအခမ်းအနားမှာ မြင်တွေ့ရတဲ့အတွက် ကျွန်တော်တို့လည်း ထပ်တူ ကြည်နူးပျော်ရွှင်မိပါတယ်” ဟု Grand Royal Group International Company Limited ၏ Head of Sales ဖြစ်သူ ဦးဇော်မျိုးဝင်းက အစီအစဉ်၏အောင်မြင်မှုနှင့် ပတ်သတ်၍ပြောကြားသွားခဲ့သည်။

Grand Royal Special Reserve ၏ ဂုဏ်ပုဒ်အား​ ဖော်ထုတ်ပြသရန် Grand Royal Group ၏ အမှုဆောင်ချုပ် Mr. Rahul Colaco က “ကျွန်တော်တို့ရဲ့ Grand Royal အမှတ်တံဆိပ်ဟာ ကောင်းမွန်တဲ့ အရည်အသွေးကြောင့် နာမည်ကောင်းရရှိထားပြီး အဖျော်ယမကာစျေးကွက်မှာလည်း ထိပ်တန်းကနေ ဦးဆောင်နေတာပဲဖြစ်ပါတယ်။
ကျွန်တော် အကြိုက်ဆုံးဖြစ်တဲ့ Grand Royal Special Reserve ဝီစကီကိုတော့ အကောင်းဆုံးပါဝင်ပစ္စည်းများနဲ့ အချိုးအစားညီမျှတိကျစွာ ဖော်စပ်ထားတဲ့အပြင် စိတ်အားထက်သန်မှုအပြည့်နဲ့ ထုတ်လုပ်ထားပါတယ်။ အခု ဒီ National Consumer Promotion အစီအစဉ်နဲ့အတူ လူတိုင်း ဘဝရဲ့ အခိုက်အတန့်တိုင်းကို အတူ ဆင်နွှဲဖို့ စိတ်အားထက်သန်လာစေပြီး သူတို့ရဲ့ ရွေးချယ်မှုတွေကနေ ဆုလာဘ်တွေ ရယူနိုင်စေဖို့ ရည်ရွယ်ပါတယ်” ဟုပြောကြားခဲ့ပါသည်။

Grand Royal Special Reserve သည် နိုင်ငံတကာမှ ဆုပေါင်း ၃၂ ခု ကျော်ကို ဆွတ်ခူး၍ ၎င်း၏ မြင့်မားသော အရည်အသွေးကို သက်သေပြခဲ့ပြီးဖြစ်ပါသည်။ ၎င်း၏ တစ်မူထူးခြားသော အနံ့၊ အရသာ၊ ခံစားမှုတို့သည် မြန်မာနိုင်ငံ၏ အကောင်းမွန်ဆုံးဝီစကီဖန်တီးမှုလက်ရာကို မီးမောင်းထိုးပြသလျက်ရှိပြီး နိုင်ငံတကာ ဝီစကီစျေးကွက်တွင်လည်း ရှေ့ဆုံးကပင် ရပ်တည်လျက်ရှိပါသည်။ Grand Royal Special Reserve အကြောင်း အသေးစိတ်ထပ်မံသိရှိလိုပါက https://www.facebook.com/specialreservewhisky တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

Grand Royal Special Reserve Whisky အကြောင်း

Grand Royal Special Reserve သည် အရည်အသွေးမြင့်မားသောပါဝင်ပစ္စည်းများဖြင့် ရောစပ်ပြုလုပ်ထားပြီး ထူးကဲသော အနံ့၊ အရသာ၊ ခံစားမှုပေးနိုင်သည့် မြန်မာ့အကောင်းဆုံး မုယောဝီစကီ ဖြစ်သည်။ Grand Royal Special Reserve ဝီစကီကို အတွေ့အကြုံရင့်ကျက်သော စကော့တစ်ရှ်ဝီစကီကျွမ်းကျင်ပညာရှင်က စကော့တစ်ရှ်မုယောဝီစကီ ၁၆ မျိုး၊ စကော့တလန်နှင့် မြန်မာပြည်မှ မုယောစပါးဝီစကီတို့ကို ဂရုတစိုက်နှင့် အချိုးညီမျှစွာ ရောစပ်ဖန်တီးထားခြင်းဖြစ်သည်။ Grand Royal Special Reserve ဝီစကီတွင် ပျားရည်နှင့် အခွံမာသီးတို့ အချိုးကျစွာပေါင်းစပ်ပါဝင်နေသော အရသာ၊ အမေရိကန်ဝက်သစ်ချသားအနံ့နှင့် သက်တမ်းရင့်မုယောအနံ့ပေါင်းစပ်ထားသည့် နှစ်လိုဖွယ်ရနံ့ရှိကာ နွေးထွေးလတ်ဆတ်ပြီးချိုမြိန်လန်းဆန်းသော ခံစားမှုပေးနိုင်သည့် ဝီစကီဖြစ်သည်။ မြင့်မားသောအရည်အသွေး၊ တစ်မူထူးခြားသော အနံ့၊ အရသာ၊ ခံစားမှုနှင့် ပြည့်စုံသည့် Grand Royal Special Reserve ဝီစကီသည် World Whiskies Awards 2020 အပါအဝင် နိုင်ငံတကာ အသိအမှတ်ပြု ဆုပေါင်း ၃၂ ကျော်ကို ဆွတ်ခူးရရှိထားသည်။