အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ အလှအပကြိုက်တဲ့ မိန်းကလေးတွေအတွက်ပါ။ မိန်းကလေးတွေအတွက်တော့ မျက်ကွင်းလေးညိုတာဟာ အနှောင့်အယှက်တစ်ခုပါပဲ။

မျက်ကွင်းညိုနေတာက ချစ်စရာမျက်နှာလေးအတွက် စိတ်ညစ်စရာတစ်ခုလိုဖြစ်နေလားနော်။ တစ်ချို့အတွက်တော့ မျက်ကွင်းညိုတာဟာ သဘာဝဖြစ်စဉ်လိုဖြစ်နေပေမယ့် တချို့သောသူအတွက်တော့ ကွန်ပျူတာ Screen ရှေ့မှာ အလုပ်လုပ်ရတာများရင် ဖြစ်တတ်ပါတယ်။ မျက်ကွင်းညိုတာလျှော့ကျသွားစေဖို့ သဘာဝ ပစ္စည်းလေးတွေနဲ့ပဲအချိန်ပေးပြီးပုံမှန်လုပ်ပေးမယ်ဆိုရင် ညိုနေတဲ့မျက်ကွင်းအရောင်လေး လျှော့ကျသွားပြီး ဖြူဝင်းလာစေမှာဖြစ်ပါတယ်နော်။

ဒါ့ကြောင့်အခုပဲ စလုပ်လိုက်ရအောင်။

ပြုလုပ်နည်း

  • ခွက်တစ်ခုထဲသို့နှပ်ကော်ဖီမှုန့်ဇွန်းအသေးသုံးဇွန်း ထည့်ပါ။
  • နနွင်းမှုန့် ဇွန်းအသေးတစ်ဇွန်း ရောစပ်၍ ဖျော်လိုက်ပါ။
  • ဝါဂွမ်းစ ကို၂ပိုင်းခွဲပြီး ခွက်ထဲသို့နစ်လိုက်ပါ။
  • နစ်ထားသော ဝါဂွမ်းစ ကို မျက်ခမ်းအောက်တွင် ၁နာရီကြာ Eyes Mask အဖြစ်အသုံးပြုပေးပါ။

ကော်ဖီမှုန့်ကြောင့်သွေးလည်ပတ်မှုကောင်းစေပြီး နနွင်းမှုန့်ကြောင့် ညိုမည်းခြင်းကင်းဝေးပြီးဖြူစင်ဝင်းပစေမှာဖြစ်ပါတယ်။

Photo: www.LittleDIY.com

By: MyStyle Myanmar