အားလုံးပဲမင်္ဂလာပါနော်။ တစ်သက်မှာတစ်ခါ ကျင်းပကြတဲ့ မင်္ဂလာပွဲ မှာ သတို့သမီးဝတ်စုံ၊ သတို့သားတို့ရဲ့ မင်္ဂလာဝတ်စုံတွေဟာ သိပ်ကိုအရေးပါလှပါတယ်။
မိန်းကလေးအများစုရဲ့ အိပ်မက်က တစ်ချိန်ချိန် ကိုယ့်အပေါ် နားလည်ပေးတဲ့ ကိုယ်ချစ်ရသူနဲ့ လက်ထပ်ချင်တာပါ။ ဒီလိုလက်ထပ်တဲ့အချိန် ဘဝမှာ တစ်ခါမှမလှဖူးတဲ့ အလှမျိုးနဲ့ နတ်သမီးလေးတစ်ပါးလို လှချင်ကြပါတယ်။
စိန်တွေစီ၊ ရွှေတွေစီထားတဲ့ ဝတ်စုံမဟုတ်ပေမယ့် မင်္ဂလာဝတ်စုံတစ်ခုကို တတ်နိုင်သမျှ အကောင်းဆုံး ပြင်ဆင်ကြပါတယ်။
ဘာမှမပြင်မဆင်နေတဲ့ မိန်းကလေးတွေတောင်မှ တစ်သက်မှာတစ်ခါသာရရှိနိုင်တဲ့ ကိုယ့်မင်္ဂလာဆောင်အချိန်လေးမှာတော့ သတို့သမီးဝတ်စုံလှလှလေး ဝတ်ချင်ကြသူတွေချည်းပါပဲ။
တချို့တွေကတော့ ငှားဝတ်ကြသလို တချို့တွေကလည်း အမှတ်တရသိမ်းထားချင်လို့ တစ်ခါတည်းဝတ်ရပေမယ့်လည်း သိမ်းထားလေ့ရှိကြပါတယ်။
အနောက်တိုင်းဆန်ဆန် မင်္ဂလာဆောင်ကြမယ့် သတို့သမီးတို့အတွက် (သို့) ဖက်ရှင်ပိုင်းကိုစိတ်ဝင်စားပြီး ဝတ်စုံလှလှချုပ်ချင်တဲ့သူတွေအတွက် အလှဆုံး မင်္ဂလာဝတ်စုံတွေကို မျှဝေပေးချင်ပါတယ်။
Image Source: Pinterest