တချို့ရုံးတွေကျတော့ freestyle ဖက်ရှင်လေးတွေဝတ်လို့ရတာမျိုးတွေ ရှိပါတယ်။ အခုနောက်ပိုင်း တော်တော်များများကတော့ freestyle လေးတွေ ဝတ်ရတာများပါတယ်။ ဒါကြောင့် ရုံးတက်နေရတဲ့ မိန်းကလေးတွေအတွက် လုံလုံခြုံခြုံလေးနဲ့ ကြော့ရှင်းပြီးလှနေစေမယ့် ဒူးဖုံးစကပ်ဖက်ရှင်တွေကို မျှဝေပေးလိုက်ပါတယ်။

ဒီဖက်ရှင်လေးဆိုရင် ဝတ်ရတာလည်း သက်တောင့်သက်သာဖြစ်စေပြီး ကြည့်လိုက်တာနဲ့ gorgeous ဖြစ်နေစေပါတယ်။ လုံလုံခြုံခြုံနဲ့လှတဲ့ ဖက်ရှင်လေးတွေက ရုံးတက်နေရတဲ့သူတွေအတွက် အကောင်းဆုံးပါပဲ။

ဒီဖက်ရှင်လေးကတော့ ကိုရီးယားမလေးတွေဝတ်နေကျ ပုံစံလေးပါ။ ပေါ့ပါးပြီး ရှင်းရှင်းလေးနဲ့ အရမ်းလှပါတယ်။ မိုးပြာရောင်နဲ့ အဖြူရောင်ကိုတွဲဝတ်တာက အရမ်းလိုက်ဖက်ပါတယ်။

ဒီဖက်ရှင်လေးမှာတော့ စကပ်ဒီဇိုင်းလေးက အသက်ပါပဲ။ လုံးဝကို ကြော့ရှင်းပြီးလှနေစေမယ့် ဒီဇိုင်းလေးပါ။ ရုံးတက်ဖက်ရှင်အတွက်တော့ အရမ်းကို gorgeous ဖြစ်ပြီး လှနေမှာသေချာပါတယ်။

ရိုးရှင်းပြီးပေါ့ပါးတဲ့ဖက်ရှင်မျိုးလေးဆိုရင် ဒီလိုစကပ်အကားလေးကို ကိုယ်ကျပ် top လေးတွေနဲ့သာ တွဲဝတ်ပါ။ အရမ်းလှပါတယ်။

ဒီစကပ်ဖက်ရှင်လေးတွေကတော့ ဝတ်လိုက်တာနဲ့ စမတ်ကျပြီး ကြော့ရှင်းလှပနေစေမယ့် look မျိုးရစေပါတယ်။ ရုံးတက်ဖက်ရှင်အတွက်ဆိုရင်တော့ ကွက်တိပါပဲ။

ဒီလိုဖက်ရှင်လေးဆိုရင် အသက် ၃၀ အထက်တွေနဲ့ ပိုပြီးလိုက်ဖက်ပါတယ်။ ရိုးရိုးလေးနဲ့လှနေစေမယ့် ဖက်ရှင်မျိုးဖြစ်တာကြောင့် ရုံးတက်ဝတ်လို့ အရမ်းအဆင်ပြေပါတယ်။

ကိုရီးယားမလေးတွေဝတ်နေကျ ဖက်ရှင်လေးဖြစ်ပါတယ်။ ဝတ်ရတာ သက်တောင့်သက်သာဖြစ်ပြီး အရမ်းပေါ့ပါးတာကြောင့် နွေရာသီလိုအချိန်မျိုးနဲ့ဆို အရမ်းအဆင်ပြေပါတယ်။

စကပ်အကားလေးတွေကြိုက်ရင်တော့ ရုံးတက်ဝတ်မယ်ဆို အရောင်မှိုင်းတာတွေကို ရွေးချယ်သင့်ပါတယ်။ စကပ်ကလည်းကားတာဖြစ်လို့ အရောင်တောက်တာတွေနဲ့ဆို အဆင်မပြေပါဘူး။ ဒါကြောင့်အရောင်မှိုင်းတာလေးတွေ ရွေးဝတ်ပြီး ရှပ်အင်္ကျီလေးတွေ၊ ရိုးရှင်းတဲ့ top လေးတွေနဲ့သာ တွဲဝတ်ကြည့်ပါ။

Photo source:www.pinterest.com