အားလုံးပဲမင်္ဂလာပါနော်။ Jun Ji Hyun ဆိုရင် ဘာဝတ်ဝတ်ပရိသတ်တွေကချစ်ပြီးသားပါ။

အချစ်မပျက်အောင်ဘဲ အမြဲတမ်း ချစ်စရာကောင်းပြီးလှနေသူလေးဖြစ်သလို အမြဲတမ်း လှပကျော့ရှင်းနေပါတယ်။

ပွဲတွေတက်ရင်လည်း လှပကျော့ရှင်းတဲ့ သွင်ပြင်နဲ့ အမြဲလိုလိုတွေ့ရလေ့ရှိပြီး မြင်သူတိုင်းငေးရလောက်အောင်ကို လှပါတယ်။

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။

Jun Ji Hyun ကို ၁၉၈၁ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့ က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ မွေးဖွားခဲ့တာပါ။

အရပ်အမြင့်ကတော့ ၁.၇၃ မီတာ (၅ပေ ၈.၁၁ လက်မ) ရှိပါတယ်နော်။ ကလေးနှစ်ယောက် မိခင်လို့ မထင်ရက်လောက်အောင်နုပျိုပြီး ခန္ဓာကိုယ်အချိုးအစားလည်း ပြေပြစ်လှပါတယ်။

Jun Ji Hyun ကိုချစ်တဲ့သူတွေအတွက် လှပကျော့ရှင်းတဲ့ သူမရဲ့ ပွဲတက်ဖက်ရှင်တချို့ကိုမျှဝေပေးလိုက်ပါတယ်နော်။

Photo:www.pinterest.com