မင်္ဂလာပါ…. ပျိုမဒီတို့ရေ…. အိမ်ထောင်တစ်ခုတည်ထောင်ပြီးလို့ သားသားမီးမီးလေးတွေမွေးလာတဲ့အခါ ထိန်းကျောင်းဖို့အတွက် တာဝန်အများဆုံးယူလေ့ရှိကြတာက မေမေတွေပါနော်။ တစ်ခါတစ်လေ မေမေတွေမအားလို့ဘဲဖြစ်ဖြစ် ဒါမှမဟုတ် မေမေတွေနားဖို့အတွက် ကလေးလေးတွေကို ဖေဖေတွေက ကူထိန်းပေးတဲ့အခါ မြင်ရတဲ့ မြင်ကွင်းမျိုးက မြင်ရတဲ့လူတွေအတွက် နွေးထွေးတဲ့ စိတ်ခံစားမှုတွေနဲ့ လွှမ်းခြုံထားတဲ့ မြင်ကွင်းတစ်ခုပါပဲ။

ထိန်းပေးတဲ့ဖေဖေတွေနဲ့ သားသားမီးမီးတွေကြား ရီစရာအမူအရာတွေက ဆွဲဆောင်မှုရှိပြီး ပျော်စရာကောင်းစေတာမို့ ဆယ်လီဖေဖေတွေကော ကလေးထိန်းတဲ့အခါ ဘယ်လိုတွေ ထိန်းကျောင်းနေလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်နော်။

Dwayne Johnson

စူပါဟီးရိုးကြယ်ပွင့် Dwayne Johnson ကတော့ သမီးတွေနဲ့အတူရှိနေရင် ရုပ်ရှင်တွေထဲကနဲ့ လုံးဝကွဲပြားလောက်အောင်ဘဲ ခြားနားသွားပါတယ်။ သူတို့အတွက် ပျော်ရွှင်ဖို့ဆို မိတ်ကပ်လိမ်း ဂါဝန်ဝတ်ပြီးတော့တောင် ဘာမဆိုလုပ်ပေးနေတာပါ။

Channing Tatum

ကလေးများအတွက် Sparkella လို့နာမည်ပေးထားတဲ့ ကိုယ်ပိုင်ရုပ်ပုံစာအုပ်ကို ရေးသားခဲ့တဲ့ အချောဆုံး ဟောလိဝုဒ်ကြယ်ပွင့်များထဲက တစ်ယောက်ဖြစ်တဲ့ Channing Tatum ကလည်း သမီးစိတ်တိုင်းကျ ဆင်ပေးတဲ့အတိုင်း ဝတ်နေရင်ကို ကျေနပ်နေသူပါ။

James Van Der Beek

American Actor တစ်ယောက်ဖြစ်တဲ့ James Van Der Beek ကတော့ အချိန်ရရင်ရသလို တောင်တက်၊ ပျော်ပွဲစားထွက်ပြီး သူ့ကလေးတွေနဲ့ အတူတူ ရယ်မောပျော်ရွှင် နေတတ် တာကို Instagram ပို့စ်တစ်ခုစီတိုင်းမှာ တွေ့ရတတ်ပါတယ်။

Jason Momoa

ကြင်နာမှုနှင့် ရက်ရောမှုကြောင့် လူသိများလာတဲ့ Jason ကတော့ ကော်ဇောနီ ပွဲလမ်းသဘင်တိုင်းမှာ သူ့သားနှင့်သမီးကို ဘယ်တော့မှမထားခဲ့ဘဲ အတူတူပွဲတတ်လေ့ရှိပါတယ်။

John Legend

သမီးနဲ့ ဘဲလေး သင်ခန်းစာတွေအတူတတ်ပြီး သားဖြစ်သူနဲ့အတူ လိုက်ဖက်တဲ့ ဝတ်စုံတွေ အတူဝတ်တဲ့အချိန်တွေက အဆိုတော် ဖေဖေ John Legend အတွက် အရမ်းပျော်စရာကောင်းတဲ့ အချိန်တွေပါ။

Chris Hemsworth

Thor ဟာ သူ့ရဲ့ပရိသတ်တွေအတွက်သာမက သူ့ရဲ့ကလေးတွေအတွက်ပါ စူပါဟီးရိုးတစ်ယောက်ပါ။ ရိုက်ကွင်းတွေမှာ သမီးငယ်လေးကို အမြဲခေါ်လာတတ်ပြီး သားအမွှာလေး တွေနဲ့လည်း ဓာတ်ပုံအတူရိုက်ရလို့ ပျော်နေတတ်သူပါ။

Source: brightside