ဒီနေ့ခေါင်းလျှော်ပြီး မနက်ဖြန်ဆို ဆံပင်က စေးကပ်လာတာမျိုးဖြစ်လို့ စိတ်ညစ်နေတဲ့သူတွေအတွက် ဦးရေပြားအရမ်းအဆီပြန်တာကို လျှော့ချပေးနိုင်မယ့် နည်းလမ်းကောင်းတချို့ကို မျှဝေပေးလိုက်ပါတယ်။
Baby Powder သုံးပါ
ဆံပင်အဆီပြန်လို့ ခေါင်းခဏခဏလျှော်ရင်လည်း အဆီပြန်တာက ပိုဆိုးလာမှာပါ။ ဒီတော့ Baby Powder သုံးပါ။ Baby Powder က အဆီတွေကို စုပ်ယူပေးနိုင်ပါတယ်။
Dry Shampoo ဆောင်ထားပါ
နောက်တစ်ခုကတော့ Dry Shampoo လည်း ဆောင်ထားပါ။ အပြင်သွားစရာရှိလာတဲ့အခါ ခေါင်းမလျှော်ပဲ Dry Shampoo သုံးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။
ရေသေချာဆေးချပါ
Conditioner နဲ့ Hair Mask တွေသုံးပြီး ရေသေချာပြောင်အောင် မဆေးချရင်လည်း အဆီပြန်ပြီး ဗောက်ထတာတွေ ဖြစ်စေပါတယ်။ ဒီတော့ ခေါင်းလျှော်တိုင်းမှ ရေသေချာဆေးချဖို့ အရေးကြီးပါတယ်။
Messy Buns
ခေါင်းလျှော်ပြီး နောက်နေ့တွေမှာ ဆံပင်ကို ဖားလျားမချပဲ Messy Buns လေးလုပ်ထားရင်လည်း အဆီပြန်တာ သက်သာစေပါတယ်။ အဆီပြန်တာလည်း သိပ်မသိသာတော့ပါဘူး။ ဆံပင်ချထားရင် ပိုပြီး အဆီပြန်လွယ်ပါတယ်။
Conditioner, Hair Mask ကို ဦးရေပြားနားမသုံးပါနဲ့
Conditioner, Hair Mask ကို ဦးရေပြားနားအထိသုံးတာမျိုး၊ ဦးခေါင်းထိပ်ကနေ စသုံးတာမျိုးတွေက ဆံပင်အဆီပြန်တာ ပိုဆိုးစေပါတယ်။ ရေပြောင်အောင်မဆေးချနိုင်ရင် ဗောက်လည်းထစေပါတယ်။ ဒီတော့ ဆံပင်အဖျားနဲ့ ဆံပင်တစ်ဝက်လောက်ကနေပဲ စပြီးသုံးပေးပါ။