စိတ်ပိုင်းဆိုင်ရာ အရမ်း sensitive ဖြစ်တဲ့သူတွေ တစ်ခုခုဆို အရမ်းတွေးပူတတ်တဲ့သူတွေ၊ စာနဲ့ပတ်သက်ပြီး serious ဖြစ်တဲ့သူတွေက စာမေးပွဲနီးလာရင် exam stress တွေကို ခံစားရတတ်ပါတယ်။ အနှောင့်အယှက်မရှိ၊ အခက်အခဲမရှိပဲ ဒီလို ဖြစ်လာတဲ့ exam stress တွေကို လျှော့ချပေးနိုင်မယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။

သေချာစားသောက်ပါ

ကိုယ်ခံအားကောင်းပြီး အားရှိမှ နေမကောင်းတာမျိုးတွေလည်း မဖြစ်မှာပါ။ စာလည်း သေချာလုပ်နိုင်မှာပါ။ Exam stress တွေ ဖျားနာတာတွေ ဖြစ်တတ်တဲ့အတွက် အစားအသောက်ကို သေချာဂရုစိုက်ပြီး စားသောက်ပေးပါ။

အိပ်ရေးဝအောင်အိပ်ပါ

အိပ်ရေးပျက်ခံပြီးစာတွေလုပ်နေရင် ခေါင်းမကြည်စိတ်မကြည်ဖြစ်ပြီး အာရုံကြောကိုလည်း ထိခိုက်နိုင်သလို အိပ်ရေးပျက်ပြီး စာသေချာမလုပ်နိုင်တာ၊ အာရုံမစုစည်းနိုင်တာ၊ အားနည်းတာတွေ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် အိပ်ရေးဝအောင်အိပ်ဖို့က အရမ်းကိုအရေးကြီးပါတယ်။

အချိန်ဇယားဆွဲပြီးလုပ်ပါ

စာကို သေချာအချိန်ဇယားဆွဲပြီး အချိန်နဲ့လုပ်ပါ။ တောက်လျှောက် အချိန်အကြာကြီး စာမလုပ်ပါနဲ့။ နားချိန်ကိုလည်း များများထားပေးပါ။ ဒါမှ stress မပိပဲ ပေါ့ပေါ့ပါးပါးဖြစ်စေမှာပါ။

သေချာအနားယူချိန်ထားပါ

စာကို ၂ နာရီလုပ်ရင် အနည်းဆုံး နာရီဝက်၊ ၄၅ မိနစ်တော့နားပါ။ အာရုံကြောအားနည်းတဲ့သူဆိုရင် ၂ နာရီစာသေချာလုပ်ပြီး ၁ နာရီနားပါ။ ဒါဆိုရင် ဦးနှောက်လည်း အနားပေးနိုင်သလို stress လည်း မဖြစ်တော့ပါဘူး။

Positive ဖြစ်တာတွေများများတွေးပါ

Exam stress တွေကို လျှော့ချဖို့ဆိုရင် အတွေးကို ဂရုစိုက်ရပါမယ်။ မကောင်းတဲ့အတွေးတွေများနေရင် ပိုပြီး stress ဖြစ်ပါတယ်။ ဒါကြောင့် positive ဖြစ်တာတွေ များများတွေးပြီး စိတ်ကိုပျော်အောင်ထားပါ။

ကျန်းမာရေးကိုလည်းဂရုစိုက်ပါ

Exam stress ကြောင့် ဖျားနာတာ၊ သွေးပေါင်တွေကျတာ၊ အားနည်းပြီး မူးတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကျန်းမာရေးကိုလည်း ဂရုစိုက်ပါ။ ကျန်းမာနေမှ စာလည်း သေချာလုပ်နိုင်မှာပါ။

လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းလုပ်ပေးရင်တော့ စိတ်ရောကိုယ်ပါ relax ဖြစ်ပြီး လေးလံထိုင်းမှိုင်းမှုတွေ၊ ညောင်းညာမှုတွေ ပြေပျောက်စေတာကြောင့် စာလုပ်လို့ပိုကောင်းစေတာပေါ့။ ဒါပေမယ့် လေ့ကျင့်ခန်းလုပ်ဖို့ အရမ်းအချိန်မပေးနိုင်ဘူးဆိုရင်လည်း အကြော့ဆန့်လေ့ကျင့်ခန်းလောက်တော့ မနက်အိပ်ယာနိုးတာနဲ့ လုပ်ပေးသင့်ပါတယ်။

တရားထိုင်ပါ

 

Exam stress တွေ ပျောက်စေဖို့ တရားထိုင်ပေးပါ။ တရားထိုင်ပေးခြင်းက စိတ်လည်းတည်ငြိမ်စေပြီး အာရုံစူးစိုက်မှုလည်း ပိုကောင်းစေတဲ့အတွက် စာလုပ်တဲ့နေရာမှာ အများကြီးအကျိုးရှိစေပါတယ်။