စာလုပ်တာက ဆက်တိုက်လုပ်နေတာမျိုးမဟုတ်ပဲ ရက်တွေအကြာကြီး နားလိုက်တဲ့အခါ၊ လနဲ့ချီအောင် နားလိုက်တဲ့အခါမှာ ပြန်လုပ်ဖို့ကို တော်တော်အရှိန်ယူရပါတယ်။ စာပြန်လုပ်ရမှာကို ပျင်းနေတတ်ပါတယ်။ စိတ်ကလုပ်ချင်ရင်တောင်မှ လုပ်ဖို့ကို စိတ်မပါတာမျိုး၊ အရှိန်ယူလို့မရတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် စာပြန်လုပ်ဖို့ ပျင်းနေတဲ့သူတွေအတွက် စာလုပ်ချင်စိတ် ပြန်ဖြစ်လာစေမယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။

Schedule ဆွဲပါ

 

စာလုပ်ဖို့အတွက် အရင် Moti ယူတဲ့အနေနဲ့ Schedule ဆွဲပါ။ စာလုပ်ဖို့ Schedule သေချာဆွဲပြီး တစ်ပတ်တစ်ရက် နားရက်ထားပါ။ Schedule ဆွဲပြီး ဘယ်နေ့မှာ သင်ခန်းစာ ဘယ်လောက်အထိ ပြီးမယ်ဆိုတာနဲ့တင် Moti ရစေပါတယ်။ Schedule ဆွဲပြီးလုပ်တာက ပိုပြီးတော့လည်း စနစ်တကျ ဖြစ်စေပါတယ်။

မနက်စောစောစာလုပ်ပါ

စာလုပ်က နေ့ဘက်တွေဆိုရင် အာရုံမရတာမျိုး၊ အာရုံများနေတာမျိုး၊ ရာသီဥတုပူရင် စိတ်အနှောင့်အယှက် ဖြစ်တာမျိုးတွေကြောင့် စာသေချာလုပ်လို့ မရတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် မနက်စောစော စာလုပ်ပါ။ တိတ်ဆိတ်ပြီး အာရုံလည်း ပိုစုစည်းနိုင်တယ်၊ လန်းဆန်းမှုလည်းရှိစေပြီး စာလည်းပိုရစေပါတယ်။

Target ထားပါ

ဘယ်အချိန်မှာ ဘယ်လောက်ပြီးရမယ်၊ ဒီစာတွေလုပ်နိုင်ရင် ဘာလုပ်မယ်ဆိုတာမျိုး၊ ဘယ်လောက်အထိရောက်အောင် ကြိုးစားမယ်ဆိုတာမျိုး Target ထားပြီး လုပ်ကြည့်ပါ။ ပိုပြီး Moti ရစေပါတယ်။ တက်ကြွမှုရှိစေပါတယ်။

ဖျော်ဖြေရေးအချိန်ထားပါ

စာချည်းပဲလုပ်နေရရင်လည်း စိတ်ညစ်လာမှာပါ။ ဒီတော့ စာလုပ်တဲ့အချိန်စာလုပ်ပြီး ဖျော်ဖြေရေးအတွက် ရုပ်ရှင်ကြည့်တာ၊ ဂိမ်းဆော့တာမျိုးတွေ လုပ်နိုင်ပါတယ်။ ဒါမှလည်း တစ်နေ့တာက ပျော်ရွှင်မှုရှိမှာပါ။

အလွယ်ကူဆုံးကနေစလုပ်ပါ

စာလုပ်တဲ့အခါမှာ အခက်ဆုံး၊ အများဆုံးကနေ စလုပ်ရင် လုပ်ရင်းနဲ့မရတဲ့အခါ ဆက်လုပ်ချင်စိတ် မရှိတော့ပါဘူး။ လက်လျှော့ချင်စိတ်တွေပဲ ဖြစ်နေမှာပါ။ ဒါကြောင့် အလွယ်ကူဆုံးကနေ စလုပ်ပါ။

တစ်ပတ်တစ်ရက် Relax လုပ်ပါ

ကျောင်းတက်၊ အလုပ်လုပ်ရင်တောင် တစ်ပတ်တစ်ရက် နားရတာဆိုတော့ စာလုပ်တာလည်း ဒီလိုပါပဲ တစ်ပတ်တစ်ရက်နားပြီး အဲ့ရက်မှာ အပြင်သွားတာ Relax လုပ်တာမျိုးတွေနဲ့ အချိန်ကုန်လိုက်ပါ။ အဲ့နေ့မှာ စာမလုပ်ပဲ အပြည့်အဝအနားယူပစ်လိုက်ပါ။ ဦးနှောက်ဆေးသလိုလည်း ဖြစ်တဲ့အတွက် စာလုပ်ရတာ ပိုအဆင်ပြေမှာပါ။