ခြေဖနောင့်အသားအရေက ခြောက်သွေ့ပြီး ကွဲအက်နေလို့ စိတ်ညစ်နေတဲ့သူတွေအတွက် ခြေဖနောင့်ခြောက်သွေ့ပြီး ကွဲအက်ခြင်းတွေကို အပြီးတိုင်နှုတ်ဆက်နိုင်မယ့် နည်းလမ်းကောင်းတချို့ကို မျှဝေပေးလိုက်ပါတယ်။

ခြေထောက်စိမ်ခြင်း

ဇလုံထဲကို ရေနွေးနဲ့ Mild ဖြစ်တဲ့ဆပ်ပြာနဲ့ ရောထည့်ပြီး အဲ့ထဲကို ခြေထောက်စိမ်ထားပါ။ အကြာကြီးစိမ်စရာမလိုပါဘူး။ ခဏပဲစိမ်ပြီး ခြေထောက်ကို ညင်သာစွာနှိပ်နယ်ပေးပါ။

အုန်းဆီလိမ်းခြင်း

ခြေဖနောင့်ကို ညတိုင်း အုန်းဆီလိမ်းပေးရင်လည်း ခြေဖနောင့်ခြောက်သွေ့ပြီး ကွဲအက်တာတွေ သက်သာစေပါတယ်။

Foot Mask

ပျားရည်၊ ဒိန်ချဉ်၊ ရှားစောင်းလက်ပတ်ဂျယ်လ်တို့ကို သင့်တော်သလောက်ယူကာ ရောမွှေပါ။ ပြီးရင် ခြေဖနောင့်၊ ခြေဖဝါးမှာ လိမ်းပြီးတော့ မိနစ် ၃၀ ထားပါ။ အချိန်ပြည့်ရင် ရေဆေးချလိုက်ရုံပါပဲ။ ခြေထောက်အသားအရေကို moisturize ပေးနိုင်တာကြောင့် ခြောက်သွေ့ကွဲအက်တာတွေ သက်သာသွားစေပါတယ်။

ခြေအိတ်စွပ်ပါ

ညအိပ်ယာဝင်ခါနီးမှာ ခြေထောက်ကို ၁၅ မိနစ် ရေနွေးစိမ်ပါ။ ပြီးရင် အုန်းဆီ (သို့) cream လိမ်းပြီး ခြေအိတ်စွပ်အိပ်ပါ။ ခြေဖနောင့်ကွဲအက်ပြီး ခြောက်သွေ့တာတွေ သက်သာသွားပါလိမ့်မယ်။

Scrub တိုက်ပါ

တော်တော်များများက body scrub တိုက်တဲ့အခါ ခြေဖနောင့်နဲ့ ခြေဖဝါးကိုတော့ ချန်ခဲ့ကြပါတယ်။ တကယ်တော့ ခြေဖနောင့်နဲ့ ခြေဖဝါးမှာလည်း dead skin cells တွေရှိတဲ့အတွက် တိုက်ပေးရပါမယ်။ ဒါမှ အသားအရေနူးညံ့လာမယ်၊ ခြေဖနောင့်အက်ကွဲတာ၊ ခြောက်သွေ့ကြမ်းတမ်းတာတွေ သက်သာလာပါမယ်။

Cream လိမ်းပါ

အပေါ်မှာပြောခဲ့သလို အုန်းဆီမလိမ်းချင်ဘူးဆိုရင် ခြေဖနောင့်ကွဲအက်တာအတွက် ထုတ်ထားတဲ့ foot cream တွေရှိပါတယ်။ အဲ့တာကို ညတိုင်း သေချာလိမ်းပေးပါ။ ပုံမှန်လိမ်းပေးမယ်ဆိုရင် ခြေဖနောင့်အက်ကွဲတာ၊ ခြောက်သွေ့တာတွေက သိသိသာသာ သက်သာပျောက်ကင်းလာပါလိမ့်မယ်။