တစ်နေ့တာမှာ မနက်ခင်းအိပ်ရာထချိန်က အရေးအကြီးဆုံးလို့ ပြောရမှာပါပဲ။ ဖြတ်သန်းရမယ့် တစ်နေ့တာကို အကောင်းမွန်ဆုံးနဲ့ စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွမှုအရှိဆုံး ဖြတ်သန်းနိုင်ဖို့ မနက်ခင်းအလေ့အထတွေက အများကြီး အထောက်အကူဖြစ်စေပါတယ်။

ဒီဆောင်းပါးလေးမှာတော့ အကောင်းမြင်စိတ် တိုးပွားစေမယ့် မနက်ခင်း အလေ့အထများကို ပြောပြပေးမှာပါ။

(၁) အိပ်ယာသိမ်းပါ

ပျော်ရွှင်မှုရဖို့ ရိုးရှင်းတဲ့နည်းလမ်းထဲမှာ မနက်တိုင်း အိပ်ယာသိမ်းတာက ထိပ်ဆုံးကပါပဲ။ တနေ့တာရဲ့ လုပ်ငန်းဆောင်တာတွေမစခင် ဒီလုပ်ဆောင်မှုသေးသေးလေးက တနေ့တာ လုပ်ငန်းဆောင်တာတွေလုပ်ဖို့ သင့်ကို စွမ်းအင်တွေ အများကြီးရစေပါတယ်တဲ့။

(၂) ကောင်းမွန်ခြင်းနဲ့စတင်ပါ

သင်အိပ်ရာနိုးခါကာစ သင့်အိပ်ရာထဲမှာ သင်နိုးလာတာနဲ့တပြိုင်နက် ကိုယ့်ကိုယ်ကို ငါဟာ အရာအားလုံးနဲ့ထိုက်တန် ကောင်းမွန်တယ်၊ သန်မာတယ်၊ လုပ်ဆောင်နိုင်စွမ်းရှိတယ်၊ ကြည့်ကောင်းတယ် စသဖြင့် ကိုယ့်အတွက်ကိုယ် အကောင်းမြင်စိတ်နဲ့ စကား ဒါမှမဟုတ် စိတ်ထဲကနေ ပြောပေးပါ။ ဒါက သင့်ကိုယ်သင်တနေ့တာလုံးအလုပ်တွေမှာ ယုံကြည်မှုရှိရှိလုပ်နိုင်ဖို့ကူညီပေးပါတယ်။

(၃) သီချင်းနားထောင်ပါ

သင်က သီချင်းနားထောင်ရတာ ကြိုက်တဲ့သူဆိုရင် အိပ်ရာက နိုးနိုးချင်းအချိန်မှာ သီချင်းလေးတွေ၊ တီးလုံးသံစဉ်လေးတွေ နားထောင်ပေးတာက သင့်ကိုလန်းဆန်းတက်ကြွစေပြီး စွမ်းအင်တိုးစေပါတယ်။

(၄) မနက်စောစောထပါ

နောက်ဆုံးအချက်ကတော့ ဒါတွေအားလုံးကို အေးအေးဆေးဆေး လုပ်လို့ရအောင်အနေနဲ့က မနက်စောစောထဖို့ပါ။ ဘာဖြစ်လို့လဲဆိုတော့ မနက်စောစောထတာက အချိန်ပိုရတဲ့အတွက် အခုပြောခဲ့တဲ့အချက်တွေအားလုံးလုပ်နိုင်ဖို့ အရေးအကြီးဆုံးအချက်ဖြစ်ပါတယ်။

မနက်ခင်းလမ်းလျှောက်တာ၊ ပြေးတာလို လေ့ကျင့်ခန်းတွေ လုပ်ပေးနိုင်ရင်လဲ ပိုကောင်းပါတယ်။ ဒါဆို သင့်ရဲ့နေ့ရက်တိုင်းကို အမြဲတမ်း အကောင်းမြင်စိတ်တွေနဲ့ဖြတ်သန်းနိုင်မှာပါ။