သူငယ်ချင်းကနေ ရည်းစားအဖြစ်ကိုပြောင်းလဲသွားခြင်းကြောင့် ဒီလိုကောင်းကျိုးတွေ ရရှိလာနိုင်ပါတယ်။

တစ်ယောက်အကြောင်းတစ်ယောက်ပိုသိခြင်း

သူငယ်ချင်းအဖြစ်နဲ့ ခင်မင်လာကတည်းက တစ်ယောက်အကြောင်း တစ်ယောက်သိနေကြတာဆိုတော့ ရည်းစားလည်းဖြစ်သွားရော တစ်စိမ်းထက်ပိုပြီး တစ်ယောက်အကြောင်း တစ်ယောက်ပိုသိလာပါတယ်။ ဒါကြောင့် တွဲရတာပိုအဆင်ပြေပါတယ်။ ထွေထွေထူးထူးပြောနေစရာမလိုတဲ့ ဆက်ဆံရေးမျိုးဖြစ်တာကြောင့် စိတ်လွတ်လပ်ပေါ့ပါးမှုကို ရစေပါတယ်။

ပြောမနာဆိုမနာရှိခြင်း

အရမ်းခင်ရတဲ့သူငယ်ချင်းကနေ ရည်းစားဖြစ်သွားရင် ပိုတောင်ကောင်းပါသေးတယ်။ သူစိမ်းနဲ့ရည်းစားဖြစ်သွားရင်တောင် ရန်ဖြစ်ကြတဲ့အခါ ပြောဆိုတာတွေကို နာတတ်ကြပါသေးတယ်။ အရမ်းခင်ရတဲ့သူငယ်ချင်းတွေဆိုတော့ အစကတည်းကလည်း ပြောမနာဆိုမနာ စနောက်နေကြတာမျိုးရှိတဲ့အတွက် စိတ်ခုစရာ၊ စိတ်အနှောက်အယှက်ဖြစ်စရာ အရမ်းနည်းပါတယ်။

နားလည်မှုပိုရှိခြင်း

သူစိမ်းနဲ့ရည်းစားဖြစ်သွားရင် ကိုယ့်ရဲ့သူငယ်ချင်း အပေါင်းအသင်းနဲ့ပတ်သက်ပြီး စကားပြောရတာ၊ မကြိုက်တာမျိုးတွေ ရှိနိုင်ပါတယ်။ သူငယ်ချင်းကို ရည်းစားတော်ထားရင်တော့ ကိုယ့်သူငယ်ချင်း၊ သူ့သူငယ်ချင်းက တူတာများနေတဲ့အတွက် ထွေထွေထူးထူးပြောနေစရာ မလိုတော့ပါဘူး။ သူငယ်ချင်းအပေါင်းအသင်းနဲ့ ပတ်သက်ပြီး ပိုနားလည်မှုရနိုင်ပါတယ်။

ရှိန်နေတာမျိုးမရှိခြင်း

တစ်စိမ်းနဲ့ရည်းစားဖြစ်သွားရင် ရှိန်နေတာမျိုး၊ ရှက်နေတာမျိုးတွေဖြစ်ပြီး စိတ်လွတ်လပ်ပေါ့ပါးမှု အပြည့်အဝမရနိုင်ပါဘူး။ ကိုယ့်သူငယ်ချင်းနဲ့ ရည်းစားဖြစ်သွားတော့ ခင်နေသိနေပြီးသားသူဖြစ်လို့ ရှိန်နေစရာ၊ ရှက်နေစရာအကြောင်း မရှိတော့ပဲ စိတ်လွတ်လပ်မှုရှိစေပါတယ်။ တစ်ယောက်နဲ့တစ်ယောက်လည်း ပိုပြီးရင်းနှီးမှုရှိပါတယ်။

သံယောဇဉ်ပိုခြင်း

သူငယ်ချင်းသံယောဇဉ်လည်း ရှိနေတဲ့အပြင် ရည်းစားသံယောဇဉ်ပါ ထပ်တိုးလာတော့ တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်တွေပိုလာပြီး ပျော်ရွှင်ရမှာပါ။ စိတ်တူကိုယ်တူဖြစ်တာများပြီး နားလည်မှုလည်း ပိုရှိကြမယ့်အတွက် သူငယ်ချင်းနဲ့ ရည်းစားဖြစ်သွားတဲ့သူအများစုက အဆင်ပြေပြီး ပျော်ရွှင်ရတဲ့ relationship ကို ပိုင်ဆိုင်ရပါတယ်။