ပွေ့ဖက်ခြင်းဟာ ခံစားမှုကောင်းစေရုံသာမက လူရဲ့စိတ်နဲ့ခန္ဓာကိုယ်အတွက် တခြားကောင်းတဲ့အချက်တွေ အများကြီးရှိပါတယ်။ ကျွမ်းကျင်သူတွေက လေ့လာမှုတွေ များစွာပြုလုပ်ခဲ့ပြီးမှ ဒီအကြောင်းအရာတွေကို တွေ့ရှိခဲ့ကြတာပါ။ ဒီတစ်ခေါက်မှာတော့ ပွေ့ဖက်ခြင်းက လူတွေအတွက် ဘယ်လိုကောင်းကျိုးတွေ ရရှိစေသလဲဆိုတာကို ပြောပြပေးသွားမှာပါ။

(၁) ပွေ့ဖက်ခြင်းက ကိုယ့်ခံအားစနစ်ကို ကောင်းမွန်စေတယ်

စက္ကန့် (၂၀) ခန့် (သို့) ပိုကြာတဲ့ ပွေ့ဖက်ခြင်းက ခန္ဓာကိုယ်အတွက် ကောင်းကျိုးများစွာရှိစေပြီး အနာရောဂါတွေကို တိုက်ဖျက်ပေးပါတယ်။

(၂) အစားအသောက်အကြောင်းတွေးခြင်းကို တာစီးပေးတယ်

ပွေ့ဖက်ခြင်းဟာ စာနာမှုကို တဖက်လူသိစေတယ်။ ဒါက ချစ်ခြင်းတရားကို ခံစားရစေပြီး ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအသောက်တွေ စားမိခြင်းမှ တားဆီးပေးပါတယ်။

(၃) အိုမင်း ရင့်ရော်ခြင်းကို နှေးကွေးစေတယ်

ပွေ့ဖက်ခြင်းဟာ စိတ်ဖိစီးမှုကိုလျှော့ကျစေပြီး ရောင်ရမ်းခြင်းကို တိုက်ထုတ်ပေးတာကြောင့် အိုမင်းရင့်ရော်ခြင်းကို သဘာဝအတိုင်း နှေးကွေးစေပါတယ်။

(၄) တက်ကြွဖျက်လတ်စေတယ်

ပွေ့ဖက်ခြင်းဟာ စိတ်ခံစားမှုကိုကောင်းမွန်စေပြီး ခက်ခဲပင်ပန်းတဲ့နေတွေမျိုးမှာ အားအင်တွေပြည့်ဝနေစေပါတယ်။

(၅) အခက်အခဲတွေနဲ့ကြုံတွေလာတဲ့အချိန်မှာ ဖြေရှင်းနိုင်မယ်

ပွေ့ဖက်ခြင်းဟာ အကောင်းမြင်စိတ်ကို တိုးပွားစေပြီး စိတ်နဲ့ခန္ဓာကိုယ်ဟာ အခက်အခဲတွေနဲ့ ကြုံတွေ့လာရတဲ့အချိန်မှာ အကောင်းဆုံးဖြေရှင်းနိုင်ဖို့ အထောက်အပံ့ဖြစ်စေပါတယ်။

(၆) ပိုပြီးပျော်ရွှင်စေတယ်

ပွေ့ဖက်ခြင်းဟာ ပျော်ရွှင်မှုကိုဖြစ်ပေါ်စေတဲ့ oxytocin ဟော်မုန်း ထုတ်ပေးတာကြောင့် ပါတနာအကြား (သို့) မိသားစုဝင်တွေကြားမှာ ဆက်ဆံရေးခိုင်မာစေပြီး ပိုမိုပျော်ရွှင်စေပါတယ်။

(၇) စိတ်ဓာတ်ကျခြင်းကို တိုက်ထုတ်ပေးတယ်

ပွေ့ဖက်ခြင်းဟာ စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ ဟော်မုန်းထုတ်လုပ်မှုကို လျှော့ကျစေရုံသာမက စိတ်ခံစားမူကို ကောင်းမွန်စေပြီး ပျော်ရွှင်မှုကိုဖြစ်ပေါ်စေတဲ့ serotonin ဟော်မုန်းကိုထုတ်ပေးပါတယ်။ ဒါတွေက အာရုံကြောစနစ်ကို တည်ငြိမ်စေပြီး စိတ်ဓာတ်ကျခြင်းကို တိုက်ထုတ်ပေးပါတယ်။

(၈) စကားလုံးတွေနဲ့ဖော်ပြလို့မရတဲ့အရာတွေကို ထုတ်ပြနိုင်တယ်

ပွေ့ဖက်ခြင်းဟာ ဂရုစိုက်ခြင်း၊ ချစ်ခြင်းတရားနဲ့ တခြားစကားလုံးတွေနဲ့ ဖော်ပြလို့မရတဲ့ အရာတွေကို ထုတ်ဖော်ပြသဖို့ အကောင်းဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။

Source: Bright Side