လှပတဲ့ဆံသားတွေကိုရရှိဖို့အတွက် ဆံပင်ညှပ်ဆိုင်တွေမှာ ဆံပင်တွေကိုပေါင်းတင်လိုက်၊ ထိန်းသိမ်းလိုက်လုပ်တာမျိုးတွေနဲ့ပဲ အဆင်မပြေပါဘူး။ သေချာလေးဂရုစိုက်ပြီးလုပ်ပေးတာမျိုးတွေကို အကျင့်ဖြစ်နေမှ ကောင်းမွန်တဲ့ဆံသားမျိုးတွေကို ပိုင်ဆိုင်ရမှာပေါ့။ တစ်ခါတစ်လေမှာ မသိလိုက်ပဲလုပ်မိတာမျိုးတွေက ပျိုမေတို့ရဲ့ဆံသားတွေကို ပျက်စီးတာမျိုးတွေ ရှိလာစေနိုင်တာဆိုတော့ သိထားသင့်တာတွေကို ပြောပြပေးမယ်နော်။

ဆံပင်တွေကိုအမြဲသန့်ရှင်းနေအောင်ထားဖို့

တစ်ကိုယ်သန့်ရှင်းမှုဆိုတာလည်း အရေးကြီးတာဆိုတော့ ဆံပင်လေးတွေကိုလည်း အမြဲတမ်းသန့်ရှင်းနေအောင်ထားဖို့က အရေးကြီးတယ်လို့ပြောရမှာပေါ့။ တစ်ကိုယ်ရည်သန့်ရှင်းမှုကြောင့်တင်မဟုတ်ဘဲ ဆံသားပျက်စီးတာမျိုးတွေမရှိအောင်လည်း သတိထားရမှာပေါ့။ ခေါင်းမလျှော်တာကြာလာတဲ့အခါမှာ ဆံသားမှာဖြစ်တတ်တဲ့ အဆီတွေအညစ်အကြေးတွေကြောင့် ပိုပြီးတော့ပျက်စီးစေတတ်ပါတယ်။

ဆံသားအခြေအနေကိုအမြဲတမ်းလေ့လာပါ

ဆံသားတွေခြောက်သွေ့ကြမ်းတမ်းနေတယ်ဆိုရင်လည်း ဒီတိုင်းမထားထားသင့်ပါဘူး။ ဒီလိုဖြစ်လာရတဲ့အကြောင်းအရင်းက ဆံသားမှာရေဓာတ်ခမ်းခြောက်ပြီး ပျက်စီးကြမ်းတမ်းလာတာပဲဖြစ်ပါတယ်။ ဒါတွေကိုသတိမထားပဲ ဒီတိုင်းပဲဆက်ပြီးထားနေမယ်ဆိုရင် ပိုပြီးတော့ပဲပျက်စီးလာစေတော့မှာပေါ့။

နေပူထဲမှာအကြာကြီးမနေမိပါစေနဲ့

အသားအရေကိုနေရောင်ဒဏ်ကနေ ကာကွယ်ပေးသလိုပဲ ဆံပင်ကိုလည်းနေရောင်ဒဏ်ကနေ ကာကွယ်ပေးဖို့လိုအပ်ပါတယ်။ ဒါကြောင့် နေပူထဲမှာဒီတိုင်းနေနေတာမျိုးတွေမလုပ်ဘဲ ထီး၊ ဦးထုပ်စတာတွေကို ဆောင်းပြီးမှာသွားဖို့လိုပါတယ်နော်။

နေ့တိုင်းဆံပင်ပုံသွင်းတာ

ဆံပင်ပုံလေးတွေက သပ်သပ်ရပ်ရပ်နဲ့လှပနေဖို့ပဲ အရေးကြီးတာပါ။ ဆံပင်တွေကိုကောက်လိုက်၊ ဖြောင့်လိုက်နဲ့လုပ်တဲ့အခါမှာ အပူချောင်းတွေနဲ့နေတိုင်းထိတွေ့နေရတာကြောင့် အချိန်ကြာလာတဲ့အခါမှာ ဆံသားတွေကိုပျက်စီးလာစေနိုင်ပါတယ်နော်။

Photo Source: Pinterest