ဒီလိုပြဿနာမျိုးက တော်တော်များများဖြစ်နေတတ်တဲ့ အကျင့်မျိုးပဲဖြစ်ပါတယ်။ လစာရလာတယ် လိုတာတွေဝယ်ရင်းနဲ့ ပိုက်ဆံတွေကို သေချာမထိန်းနိုင်ပဲ မြန်မြန်ကုန်သွားတယ်။ တစ်လတစ်လပိုက်ဆံစုဖို့နေနေသာသာ လမကုန်ခင်ထဲကပိုက်ဆံကုန်နေလို့ ဒုက္ခရောက်နေတဲ့ပြဿနာကို လူငယ်တွေတော်တော်များများ ကြုံတွေ့နေရတာပဲဖြစ်ပါတယ်။

ဒီလိုမဖြစ်စေပဲ အကျင့်လေးတစ်ခုဖြစ်အောင်လုပ်ပေးပြီး ဝင်ငွေကိုလတိုင်းတည်ငြိမ်နေစေဖို့ လုပ်ပေးသင့်တာတွေက…..

တစ်ခါထဲစုထားပါ

လစာရပြီဆိုတာနဲ့ ပေးချေရမှာတွေ၊ ဝယ်စရာရှိတာနဲ့ စားဖို့အတွက်စရိတ်တွေကို သေချာတွက်ချက်ပြီး ပိုတဲ့ပိုက်ဆံတွေကိုစုထားဖို့ ဖယ်ထားလိုက်ပါ။ ပိုက်ဆံတွေကိုစုတဲ့အခါမှာ ဘဏ်ထဲမှာထည့်ပြီးတော့စုထားထားက ပိုပြီးတော့အဆင်ပြေပြီး အသုံးဖြုန်းလည်းမကြီးတော့ပဲ ဝင်ငွေကိုလည်း တည်ငြိမ်နေစေမှာပဲဖြစ်ပါတယ်။

မလိုအပ်တဲ့နေရာတွေ

ပိုက်ဆံတွေကိုမလိုအပ်တဲ့နေရာတွေမှာ သုံးတာမျိုးတွေကို ဆင်ခြင်ဖို့လိုအပ်ပါတယ်။ ပိုက်ဆံတွေလက်ထဲမှာ ကြာကြာမခံရတဲ့အဓိကပြဿနာကတော့ မလိုအပ်တဲ့အရာတွေမှာ ပိုက်ဆံတွေအကုန်ကျ ခံနေတာကြောင့်ပဲဖြစ်ပါတယ်။

ရှေ့ရေးကိုကြိုတွေးဖို့

ပိုက်ဆံစုဖို့အတွက်ဆိုရင် ရှေ့ရေးမှာဘာတွေလုပ်ချင်တာလည်းဆိုတာကို ဦးတည်ပြီးပိုက်ဆံစုတာက ပိုပြီးတော့ထိရောက်မှုရှိစေပါတယ်။ လူတစ်ယောက်မှာ ဦးတည်ချက်ဆိုတာမျိုးရှိမှလည်း အောင်မြင်နိုင်မှာပဲဖြစ်ပါတယ်။

အကြွေးယူတာတွေ ပေးတာတွေကိုရှောင်ပါ

ကိုယ့်ပိုက်ဆံကိုလောက်အောင် သုံးတတ်အောင်ကြိုးစားပြီး သူများဆီကမယူမိအောင် ကြိုးစားဖို့အရေးကြီးပါတယ်။ သူများကလာချေးမယ်ဆိုရင်လည်း မကူညီနိုင်ကြောင်းသေချာရှင်းပြပြီး ကိုယ့်ပိုက်ဆံကို စုထားတတ်ဖို့လိုပါတယ်။

Photo Source: Unsplash