ဝိတ်ကျစေမယ့် လေ့ကျင့်ခန်းများကို တကူးတကမပြုလုပ်နိုင်တဲ့ ဝိတ်ကျချင်တဲ့သူတို့အတွက် လွယ်ကူရိုးရှင်းတဲ့ အလေ့အကျင့်ကောင်းများ ကို ဖော်ပြပေးချင်ပါတယ်။

ဒီအလေ့အကျင့်ကောင်းတွေက အတင်းလုပ်ယူစရာမလိုဘဲ ဝိတ်ကျသွားအောင် ကူညီပေးမှာဖြစ်ပြီး သိပ္ပံနည်းကျ သက်သေပြထားပြီးသားဖြစ်တဲ့အတွက်ကြောင့် ဘေးထွက်ဆိုးကျိုးများအတွက် စိုးရိမ်စရာမရှိဘဲ စိတ်ချလက်ချပြုလုပ်နိုင်ပါတယ်။

အားစိုက်ထုတ်စရာမလိုဘဲ ဝိတ်ကျသွားအောင် ကူညီပေးမယ့် အလေ့အကျင့်ကောင်းများ ကတော့ …

ပရိုတင်းများများစားသုံးပါ

ပရိုတင်းဓာတ်ကြွယ်ဝသော အစားအစာများကို များများစားသုံးတဲ့အခါ အစားအလွန်အကျွံ စားသုံးခြင်းကို အလိုအလျောက် ရှောင်ကြဉ်ပြီးသွားဖြစ်သွားမှာဖြစ်ပါတယ်။ နောက်ဆက်တွဲကောင်းကျိုးအနေနဲ့ ကယ်လိုရီများကို ထည့်တွက်စရာမလိုဘဲ အလိုအလျောက် ဝိတ်ကျသွားမှာဖြစ်ပါတယ်။

မျက်လုံးအုပ်ထားပြီး အစားစားပါ

လေ့လာတွေ့ရှိချက်အရ အစားအစာကို မမြင်ရခြင်းသည် ဆာလောင်မှုကို လျော့ချပေးနိုင်တဲ့အတွက်ကြောင့် ဒီနည်းလမ်းသည်လည်း ဝိတ်ကျချင်တဲ့သူတို့အတွက် အသုံးတည့်စေမယ့် အလေ့အကျင့်ကောင်း တစ်ခုပဲဖြစ်ပါတယ်။

အစားမစားခင်မှာ ရေနှစ်ခွက်သောက်ပါ

မကြာသေးမှီကမှ လေ့လာတွေ့ရှိထားတဲ့ သုတေသနလေ့လာချက်များအရ အစားမစားခင် မိနစ် ၃၀ အလိုမှာ ရေနှစ်ခွက်ခန့် သောက်သုံးခြင်းသည် ခန္ဓာကိုယ်ကို သွယ်လျသွားစေတယ်လို့ လေ့လာတွေ့ရှိရပါတယ်။

ဒီအလေ့အကျင့်ကောင်းကို အစားမစားခင်တိုင်း ပုံမှန်ပြုလုပ်ပေးတဲ့အခါ ကိုယ်အလေးချိန် ၄.၄ ပေါင် (၂ ကီလိုဂရမ်)ခန့် လျော့ကျသွားပါလိမ့်မယ်။ ဒါ့အပြင် တစ်နေ့လျှင် ရေ ၁ လီတာ-၁ လီတာခွဲခန့် ပုံမှန်သောက်သုံးပေးပါကလည်း ဝိတ်ကျသွားမှာဖြစ်ပါတယ်။

ကော်ဖီများများသောက်သုံးခြင်း

သင်သည် ကော်ဖီချစ်သူတစ်ယောက်ဆိုရင်တော့ ဒီအချက်လေးက သင့်အတွက် သတင်းကောင်းပါပဲ။ သိပ္ပံပညာရှင်များရဲ့ လေ့လာချက်အရ ကော်ဖီနှင့် လက်ဖက်ရည် သောက်သုံးခြင်းသည် မကြာခဏဆာလောင်မှုကို လျော့ချပေးနိုင်ပြီး ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို လျော့ချပေးနိုင်တယ်လို့ သိရှိရပါတယ်။

ရေအေးအေးဖြင့် ရေချိုးပါ

ရေအေးအေးနဲ့ ရေချိုးတဲ့အခါ ခန္ဓာကိုယ်သည် အေးတဲ့ပတ်ဝန်းကျင်တဲ့ ထိတွေ့သွားပြီး အဆီဆဲလ်များသည် အပူကို ထုတ်လုပ်ပေးဖို့ရန်အတွက် စတင်လောင်ကျွမ်းရပါတော့တယ်။ ဒီလိုကနေ အဆီတွေကျသွားမှာဖြစ်ပါတယ်။

အစားစားတဲ့အခါ သေသေချာချာ ထိုင်စားပါ

အလုပ်များတဲ့ရက်တွေမှာ လမ်းလျှောက်ရင်း အစားစားခြင်း (သို့) အလုပ်လုပ်နေရင်း အစားအစားခြင်းတို့ကို ပြုလုပ်လေ့ရှိပါတယ်။ ဒီလိုမျိုး အစား စားခြင်းသည် တရိပ်ရိပ်နဲ့ ဝိတ်တက်လာမှန်းမသိ တက်လာစေပါတယ်။

ဒါ့ကြောင့် အာဟာရပညာရှင်များက အစားစားတဲ့အခါ အစားစားခြင်းအလုပ်တစ်ခုကိုပဲ အာရုံစိုက်ကာ သေချာထိုင်စားသင့်ကြောင့် အကြံပေးထားပါတယ်။

အစပ် များများ စားသုံးပါ

သိပ္ပံနည်းကျ သက်သေပြချက်အရ စပ်သောအစားအစာများ စားသုံးခြင်းသည် အစားအလွန်အကျွံ စားချင်စိတ်ကို လျော့ချပေးပြီး စွမ်းအင်များကို ပိုမိုတိုးမြှင့်စေတာကို တွေ့ရှိရပါတယ်။