လူအများစုက မနက်စောစော Gym ကစားဖို့ကို ငြင်းဆန်တက်ကြပါတယ်။ အကြောင်းကတော့ အိပ်ရာစောစောထရခြင်း အလုပ်သွားဖို့ပြင်ဆင်ရခြင်း စတဲ့အကြောင်းကြောင်းတွေကြောင့် ညနေဘက် Gym ကစားဖို့ကိုသာ အားသန်ကြတာပါ။

တကယ်တော့ မနက်ပိုင်းမှာ Gym ကစားတာဟာ အလွန်ထူးခြားတဲ့ အကျိုးရလဒ်တွေရရှိစေပါတယ်။

(၁) ကယ်လိုရီပိုမိုလောင်ကျွမ်းစေတယ်

မနက်ခင်း Gym ကစားခြင်းက ကယ်လိုရီများများ ပိုမိုလောင်ကျွမ်းစေတယ်လို့ လေ့လာသူတွေကဆိုပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်လျော့ချချင်သူတွေအနေနဲ့ မနက်ခင်းမှာ Gym က ခန္ဓာကိုယ်အဆီပိုတွေ လောင်ကျွမ်းစေပြီး ကျစ်လျစ်သွယ်လျတဲ့ ခန္ဓာကိုယ်ကို ရရှိစေနိုင်မှာဖြစ်ပါတယ်။

ဒါတင်မကသေးပါဘူး မနက်ခင်း Gym ကစားခြင်းက ကြွက်သားတည်ဆောက်ရာမှာလည်း အထောက်အပံ့ဖြစ်စေပါတယ်။

(၂) တစ်နေ့တာလုံးလန်းဆန်းတက်ကြွနေမယ်

မနက်ခင်း ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်တာက တစ်နေ့တာလုံးလန်းဆန်းတက်ကြွနေစေဖို့ တွန်းအားပေးပါတယ်။ The Bringham Young University မှသုတေသနပညာရှင်တွေရဲ့ အဆိုအရ မနက်ခင်း Gym ကစားသူတွေဟာ မစားသူတွေထက်လန်းဆန်းတက်ကြွမှုကို ပိုမိုခံစားရပြီး တစ်နေ့တာလုံး အားအင်အပြည့်နဲ့ ဖြတ်သန်းနိုင်တယ်လို့ ဆိုထားပါတယ်။

(၃) အာရုံပြန့်လွင့်မှုနည်းလာမယ်

မနက်ခင်းအိပ်ယာနိုးတာနဲ့ Gym သွားမယ် အားကစားလုပ်ရမယ်ဆိုတဲ့ အသိကြောင့် မနက်ခင်းမှာ အကျိုးမရှိတဲ့အရာတွေတွေးနေခြင်း ဖုန်းကိုင်မိခြင်း ပြန်အိပ်ခြင်းစတဲ့အရာတွေနည်းပါးသွားမှာပါ။ ဒါကြောင့်မနက်ခင်း Gym ကစားတာဟာ သင့်ရဲ့ စိတ်အာရုံပြန့်လွင့်ခြင်းကို ကောင်းကောင်းထိန်းချုပ်လာနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင်သင့်ရဲ့ ဦးနှောက်နဲ့ မှတ်ဉာဏ်စွမ်းရည်ကိုလည်း တိုးတက်စေပြီး အာရုံစူးစိုက်မှုပိုမိုကောင်းမွန်လာစေပါတယ်။

(၄) ညဘက်မှာ ကောင်းစွာအိပ်ပျော်စေတယ်

အားကစားလုပ်ခြင်းနဲ့ အိပ်စက်ခြင်းက ဆက်စပ်နေတဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်။ လေ့လာမှုတွေအရ မနက်ခင်း Gym ကစားတာက အိပ်စက်ခြင်းကိုလည်းတိုးတက်ကောင်းမွန်စေပါတယ်။ ဒါကြောင့်သင့်အနေနဲ့ အိပ်ပျော်ဖို့ခက်ခဲနေရင် မနက်ခင်းမှာ Gym ကစားပါ။သင့်ကိုကောင်းစွာအိပ်ပျော်စေဖို့ကူညီပေးနိုင်မှာဖြစ်ပါတယ်။