မိန်းကလေးတစ်ယောက်က ခေါင်းအစခြေအဆုံး အလှအပအတွက် ဂရုစိုက်တတ်တဲ့ အကျင့်လေးက အမြဲတမ်း ရှိနေတတ်ပါတယ်။ မျက်နှာအလှအပတင်မဟုတ်ပဲ လက်လေးတွေ ခြေထောက်လေးတွေကိုလည်း ဖြူစင်နေစေဖို့ ဂရုစိုက်ကြတဲ့အခါမှာ ပြုပြင်သင့်တဲ့ နည်းလမ်းလေးတွေလည်း ရှိပါတယ်။ လက်နဲ့ခြေထောက်မှာ ညိုမဲနေတာတွေကို အချိန်တိုအတွင်း ပျောက်ကင်းသွားစေမယ့် နည်းလမ်းကောင်းလေးတွေပေါ့။

သံပုရာသီး

သံပုရာသီးမှာပါဝင်နေတဲ့ Vitamin C တွေက အသားအရေမှာဖြစ်နေတဲ့ မည်းညစ်နေတာတွေကို လျော့နည်းသွားစေဖို့ ကူညီနိုင်ပါသေးတယ်။ သံပုရာသီးကို နှစ်ခြမ်းခြမ်းပြီး သကြားလေးနဲ့ လက်တံတောင်ဆစ်နေရာတွေ၊ လက်ချောင်း၊ ခြေမျက်စိ၊ ခြေချောင်း စတဲ့မည်းညစ်ပြီးညိုမဲနေတဲ့ နေရာလေးတွေကို ပွတ်တိုက်ပေးမယ်ဆိုရင် အရေပြားပေါ်မှာရှိနေတဲ့ ဆဲလ်သေတွေကိုဖယ်ရှားပစ်လိုက်ပြီး အသားအရေကိုလည်း ပြန်လည်ကြည်လင်လာစေပါတယ်။

သခွားသီး

သခွားသီးမှာပါဝင်နေတဲ့ ရေဓာတ်တွေက အသားအရေခြောက်သွေ့ပြီး မဲညစ်နေတာတွေကို လျော့နည်းစေဖို့ကူညီပေးနိုင်ပါတယ်။ သခွားသီးကို အစိတ်လေးတွေလှီးဖြတ်ပြီး မဲနေတဲ့နေရာလေးတွေကို ပွတ်ပေးမယ်ဆိုရင် အသားအရေကိုပြန်လည်စိုပြေလာစေပြီး ခြောက်သွေ့မဲညစ်နေတာတွေကို လျော့နည်းလာစေမှာပဲဖြစ်ပါတယ်။

ဆနွင်းမှုန့်

ဆနွင်းမှုန့်အနည်းငယ်ကို နွားနို့အနည်းငယ်နဲ့ရောပြီး အနှစ်ဖြစ်သွားအောင်မွှေပေးလိုက်ပါ။ ပြီးရင်တော့ မဲညစ်နေတဲ့နေရာတွေပေါ်မှာ လိမ်းထားပေးပြီး မိနစ် ၂၀ လောက်ထားထားပေးလိုက်ပါ။ အချိန်ပြည့်သွားတော့မှ ရေအေးလေးနဲ့သန့်စင်အောင် ပြန်ပြီးတော့ဆေးကြောပေးရမှာပါ။

ဒီလိုနည်းလမ်းလေးတွေက ခေါင်းအစခြေအဆုံး လှပချင်တယ်ဆိုတဲ့သူတွေအတွက် လိုအပ်ပြီးတကယ်ထိရောက်တဲ့ နည်းလမ်းလေးတွေဖြစ်တာကြောင့် သိမှတ်ထားပြီး လိုက်လုပ်ကြည့်ဖို့လည်း လိုအပ်ပါတယ်နော်။