ဒီနေ့ခေတ်မှာတော့ အသက်အရွယ် ကြီးကြီး ငယ်ငယ် တော်တော်များများ ကြုံတွေ့နေရတဲ့ ဆံပင်ဖြူတာကို သဘာဝအတိုင်း ပြန်လည်မဲနက်လာစေမယ့် နည်းလမ်းကောင်းလေးတစ်ခုကို ပြောပြပေးချင်ပါတယ်။ ကဲ..သင်ရဲ့ဆံသားတွေ ဖြူလာလို့ ပုံမှန်ဆေးဆိုးနေရတာမျိုး ဒါမှမဟုတ် တခြားဆံပင်နက်မှောင်စေမယ့် ဆေးတွေသုံးနေရတာမျိုးတွေက ကြာလာတာနဲ့အမျှ သင့်ဦးရေပြားကို ဆိုးကျိုးတွေဖြစ်စေတတ်တဲ့အတွက် အတတ်နိုင်ဆုံးရှောင်ကြဉ်ပေးသင့်ပါတယ်နော်။
ဒါဆိုရင်တော့ ဆံပင်ဖြူတာတွေ သက်သာစေပြီး သဘာ၀အတိုင်း ပြန်လည်မဲနက်လာစေဖို့ ဘယ်လိုလုပ်ရမလဲဆိုတဲ့မေးခွန်းကို ဖြေရမယ်ဆိုရင်တော့ ဘေးဥပါဒ်ကင်းကင်းနဲ့ သဘာဝနည်းလမ်းကောင်းလေးတစ်ခုကိုပဲ့ ညွှန်ပြပေးလိုက်ချင်ပါတယ်။ ကဲ… သဘာဝကပေးတဲ့နည်းလေးက ဘာများဖြစ်မလဲဆိုတာ အတူတူကြည့်လိုက်ရအောင်နော်…
ပါဝင်ပစ္စည်းများ
အုန်းဆီ
သံပုရာသီး
အုန်းဆီဟာ ဆံကေသာ ကောင်းကျိုးကို များစွာ အထောက်အကူ ဖြစ်စေတာ သိကြမှာပါ။ သူ့မှာ ပါဝင်တဲ့ ဓာတ်ပေါင်းစုတွေဟာ ဆံသားရဲ့ အတွင်းပိုင်း အထိ ထိရောက်မှု ရှိတယ်လို့ ဆိုပါတယ်။ ဆံသားတွေကို စိုပြည်စေပြီး မည်းနက်ချင်တယ်ဆိုရင်တော့ အုန်းဆီဟာ မပါမဖြစ်ပါ။ ပိုပြီး အထောက်အကူ ဖြစ်စေမယ့် ဗီတာမင်စီ၊ ဖော့စရပ်၊ ဗီတာမင်ဘီနဲ့ အင်တီအောက်ဆီးဒင့်တွေ ပေါင်းစပ်ပေးရင် ပိုပြီးကောင်းမွန်တဲ့ ဆံပင်ဆေးကို ရရှိစေမှာပဲ့ဖြစ်ပါတယ်။ ဒါကြောင့် ပေါင်းစပ်ရမှာကတော့ သံပုရာသီး ဒါမှမဟုတ် သံပုယိုသီးပါ။
ပြုလုပ်နည်း
ပေါင်းစပ်ပြီး ပြုလုပ်ရမှာကတော့ အုန်းဆီ 5ml နဲ့ သံပုရာရည် လက်ဖက်ရည်ဇွန်း ၃ဇွန်းပါ။ သူတို့နှစ်ခုကို ရောစပ်ပြီး ဆံသားထဲကို အနှံသုတ်ပေးပါ။ ငြင်ငြင်သာသာလေး နှိပ်ပေးပြီး ၄၅မိနစ် ထားပါ။ ပြီးရင် ခေါင်းလျှော်ပါ။ တစ်ပတ်မှာ ၂ကြိမ် ပုံမှန်လုပ်ပေးပါ။ ဗောက်တွေကိုလည်း သက်သာစေပြီး ဆံသားကို ပြန်ပြီးမဲနက်လာစေမှာပဲ့ ဖြစ်ပါတယ်။
Source: myhealthylifecenter