ကျွန်မတို့က အမြဲတမ်းမပျော်ရွှင်နိုင်ပါဘူး။ စိတ်ညစ်တဲ့ရက်တွေ၊ ဝမ်းနည်းတဲ့ရက်တွေ ရှိတတ်ကြပါတယ်။ ဒါပေမဲ့ ဒီလိုအချိန်တွေမှာ သင့်နှလုံးသားကို နွေးထွေးစေနိုင်မယ့် ပုံရိပ်တွေ ဒီလောကကြီးမှာပြည့်နှက်နေတယ်ဆိုတာ သတိရသင့်ပါတယ်။ ဒီအရာတွေက သတိထားမိဖို့ ခက်ခဲတတ်ပေမယ့် သင်မသိနိုင်တဲ့ အရာတွေကနေပေါ်ထွက်လာတတ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဒီပျော်စရာ ပုံရိပ်တွေကို ဖော်ပြပါရစေ။

၁။ သူ့ဘဝရဲ့ ပထမဆုံးကြောင်လေးနဲ့ ခေါင်းချင်းဆိုင်ပြီး နှုတ်ဆက်နေတဲ့ ကလေးလေး


၂။ ကျွန်တော့်ခွေးလေးနဲ့ လမ်းလျှောက်ထွက်တိုင်း သူက သူ့ Crush နဲ့ ကြည်နူးတတ်လေရဲ့။ Romeo နဲ့ Juliet လိုပဲ။


၃။ နေရောင်အောက်မှာ သေလုနီးပါးဖြစ်နေတဲ့ ပိတုန်းလေးကို Pancake ကျွေးလိုက်တယ်။ သူက ကျွန်တော့်ကို ကျေးဇူးတင်လို့ High Five လုပ်နေလေရဲ့။


၄။ ဒါက ဒေစီနဲ့ လူနာလေ။ ဒေစီက ကားမူးတတ်တယ်။ လူနာက သူတို့ နှစ်ကောင်လုံး အိပ်ပျော်သွားတဲ့အချိန်ထိ ဒေစီအဆင်ပြေအောင် လုပ်ပေးတတ်တယ်။


၅။ ကိုယ်ချင်းစာတတ်တဲ့ အမျိုးသမီးတစ်ဦးက ဒီစာကို ရေးသွားတာ (ဒရယ်ပေါက်စလေး မင်းကားတာယာအောက်မှာ အိပ်နေတယ်။ သတိထားပေးပါနော်)

၆။ ကျောင်းသွားတဲ့ ကလေးလေးတွေကို ခေါင်းပြူပြီး ထွက်နှုတ်ဆက်တတ်တဲ့ ခွေးလေး


၇။ တာကီနိုင်ငံ ရှော့ပင်းမော ပိုင်ရှင်တစ်ဦးက နှင်းမှုန်တိုင်းဖြစ်နေတုန်း အလေအလွင့်ခွေးတွေကို အထဲမှာ ခေါ်သိပ်ခဲ့ပါတယ်။


၈။ ကျွန်တော်အလုပ်သွားတဲ့လမ်းမှာ လူတစ်ဦးက ခွေးလေးတွေ သောက်ဖို့ နေ့တိုင်း ရေထည့်ပေးတတ်တယ်။


၉။ ကျွန်တော်တို့ ခြံစောင့်ခွေးလေးက ဘမ်ဘီလေးကို သူ့အမေပြန်လာတဲ့အထိ ကူစောင့်ပေးတတ်တယ်။


၁၀။ ကျွန်တော်တို့ အိမ်နားကပဲ မုန့်ဝေပေးထားတာ


၁၁။ ဒီပန်းလေးကို မွှေးကြည့်ရဦးမယ်


၁၂။ ရဲအရာရှိတွေက ဘဲလေးတွေ လမ်းဖြတ်ဖို့ လမ်းပိတ်ပေးခဲ့ပါတယ်


၁၃။ ခွေးလေး စိုသွားမှာ ကြောက်လို့ ထီးမိုးပေးထားတဲ့ လုံခြုံရေးဝန်ထမ်း


၁၄။ ကျွန်တော့်သူငယ်ချင်းမှာ ခွေးတစ်ကောင်ရှိတယ်။ ဒီခွေးလေးကို စိတ်အေးချမ်းအောင် လုပ်ပေးတဲ့ဝန်ထမ်းလို့ ခေါ်ကြတယ်။ သူက နေမကောင်းတဲ့ခွေးလေးတွေကို အားလုံးအဆင်ပြေသွားမှာပါလို့ နားချပေးတတ်တယ်။

Source: Brightside.me

By MyStyle Myanmar