ဓာတ်ပုံရိုက်ရတာ ဝါသနာပါတဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ မိန်းကလေးဆန်ပြီး ချစ်ဖို့ကောင်းတဲ့ ပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။ အရမ်းလည်းလွယ်ကူတဲ့ ပို့စ်ပေးနည်းတွေဖြစ်တာကြောင့် လူတိုင်းလုပ်ရတာ အဆင်ပြေမှာပါ။

Joy ရဲ့ ဒီပို့စ်လေးကတော့ မိန်းကလေးဆန်ပြီး အရမ်းချစ်ဖို့ကောင်းလို့ မျှဝေပေးလိုက်ပါတယ်။ ပန်းလေးတွေကြားမှာပဲဖြစ်ဖြစ်၊ မြက်ခင်းပြင်မှာပဲဖြစ်ဖြစ်၊ တစ်နေရာရာမှာ ထိုင်ရိုက်တဲ့အခါကျရင် ဒီလိုလေးပို့စ်ပေးကြည့်ပါ။

ဆံပင်စည်းနေတဲ့ပို့စ်လေးတွေက မိန်းကလေးဆန်ပြီး ချစ်ဖို့ကောင်းသလို၊ ဆွဲဆောင်မှုလည်း ရှိစေပါတယ်။

ဂါဝန်လေးဝတ်ထားရင် ဒီလိုလေးလှည့်ပြီး ရိုက်ခိုင်းကြည့်ပါ။ အရမ်းလှပြီး ချစ်ဖို့ကောင်းပါတယ်။ သဘာဝဆန်တဲ့ပုံလေးလည်း ရစေပါတယ်။

ဂါဝန်အရှည်ကြီးတွေဝတ်ပြီးရိုက်မယ်ဆိုရင် ဒီလိုလေးထိုင်ပြီး ပို့စ်ပေးကြည့်ပါ။ အရမ်းလှပါတယ်။

ဒူးချိတ်ပြီးထိုင်မယ်ဆိုရင် အတည့်ထိုင်ပြီးပို့စ်ပေးမယ့်အစား ဒီလိုတစ်စောင်းလေးချိတ်ထိုင်ပြီး ပို့စ်ပေးကြည့်ပါ။ ပိုပြီးမိန်းကလေးဆန်ဆန်နဲ့ ချစ်ဖို့ကောင်းစေပါတယ်။

ဂါဝန်ကို ဒီလိုလေးကိုင်ပြီး ခေါင်းလေးနည်းနည်းစောင်းရိုက်ကြည့်ပါ။ မိန်းကလေးဆန်တဲ့အပြင် ကလေးဆန်ပြီး ချစ်ဖို့ကောင်းတဲ့ပုံစံလေး ဖြစ်စေပါတယ်။ လူငယ်ကောင်မလေးတွေနဲ့ အရမ်းလိုက်ဖက်တဲ့ပို့စ်လေးပါပဲ။

Sexy ကျကျလေးဝတ်ထားရင် ဒီလိုလေးပို့စ်ပေးကြည့်ပါ။ ချစ်ဖို့ကောင်းတဲ့ပို့စ်မျိုး မဟုတ်ပေမယ့် မိန်းကလေးဆန်ပြီး ဆွဲဆောင်မှုရှိစေပါတယ်။

ပို့စ်သိပ်မပေးတတ်တဲ့သူတွေဆိုရင် ဒီလိုဘေးတစ်စောင်းလေးနေပြီး ဆံပင်သပ်၊ ရယ်နေတဲ့ပုံ (သို့) ပြုံးနေတဲ့ပုံလေး ပို့စ်ပေးကြည့်ပါ။ လုပ်ရတာလည်းလွယ်သလို မိန်းကလေးလည်းဆန်ပါတယ်။

မေးထောက်တဲ့ပို့စ်လေးတွေကတော့ မိန်းကလေးဆန်ပါတယ်။ မေးထောက်ပြီး ကင်မရာကိုကြည့်နေတဲ့ပို့စ်မျိုးဆိုရင် ချစ်ဖို့ကောင်းမှာပါ။ ဒီပုံလေးကတော့ ကင်မရာမကြည့်ပဲ အဝေးကိုကြည့်နေတဲ့ပုံလေး ဖြစ်တာကြောင့် ဆွဲဆောင်မှုရှိပြီး အရမ်းလှပါတယ်။

ဒီလိုပို့စ်လေးဆိုရင် ကလေးဆန်ပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။ ခရီးထွက်လို့ဓာတ်ပုံရိုက်ရင် ဒီလိုပို့စ်လေးက အရမ်းအသုံးဝင်ပါတယ်။

Photo source:www.pinterest.com