ဓာတ်ပုံရိုက်ရတာ ဝါသနာပါတဲ့သူတွေထဲမှာမှ မိန်းကလေးဆန်ဆန်လေးတွေကို သဘောကျတဲ့သူတွေအတွက် မိန်းကလေးဆန်ပြီး လှလှပပလေးနဲ့ ချစ်ဖို့ကောင်းနေစေမယ့် ပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။ လွယ်ကူတဲ့ ပို့စ်ပေးနည်းလေးတွေလည်း ပါတာကြောင့် ပို့စ်သိပ်မပေးတတ်တဲ့ သူတွေအတွက်လည်း အထောက်အကူဖြစ်မှာ သေချာပါတယ်။

ဒီပို့စ်လေးဆိုရင် ပိုက်ဆံအိတ်ကြိုးကို လက်တစ်ဖက်က ကိုင်သလိုလေးလုပ်ထားပြီး မျက်နှာလေးကို ပြုံးရယ်နေပေးရုံပါပဲ။ ရိုးရိုးလေးနဲ့ မိန်းကလေးဆန်ပြီး လှနေမှာပါ။

နောက်တစ်မျိုး ပို့စ်ပြောင်းမယ်ဆိုရင် ဒီလိုလေးရိုက်ကြည့်ပါ။

Picnic ထွက်သလိုလေး ရိုက်မယ်ဆိုရင်တော့ ဒီလိုပုံလေးရိုက်ကြည့်ပါ။ မိန်းကလေးဆန်ပြီး အရမ်းလှပါတယ်။

ဒီပို့စ်လေးဆိုရင် ချစ်ဖို့ကောင်းပါတယ်။ ဂါဝန်လေးတွေဝတ်ပြီးရိုက်ရင် မိန်းကလေးဆန်ပြီး ချစ်ဖို့ကောင်းနေမှာ သေချာပါတယ်။

လက်ထဲမှာ စာအုပ်လေးကိုင်ထားရင်တော့ ဒီပုံလေးအတိုင်း ပို့စ်ပေးကြည့်ပါ။ မိန်းကလေးဆန်ပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။

ဒီပုံလေးအတိုင်း ပို့စ်ပေးရိုက်မယ်ဆိုရင်တော့ မိန်းကလေးဆန်တဲ့ ဂါဝန်တွေ၊ စကပ်လေးတွေ ဝတ်ပြီးတော့ ရိုက်ကြည့်ပါ။ အရမ်းလှပြီး ချစ်ဖို့ကောင်းတဲ့ ပုံလေး ထွက်လာမှာပါ။

ထိုင်တဲ့ပုံစံလေးနဲ့ မျက်နှာလေးကို အပေါ်နည်းနည်းမော့ပြီး ရယ်နေတဲ့ပုံလေးက မိန်းကလေးဆန်ပြီး အရမ်းလှတာကြောင့် ဂါဝန်လေးတွေ၊ စကပ်လေးတွေနဲ့ ရိုက်မယ်ဆိုရင် ဒီပို့စ်လေးကို Try ကြည့်ပါ။

လက်တင်စရာ ခုံလေးရှိရင်တော့ ဒီပို့စ်လေးအတိုင်းသာ ပို့စ်ပေးကြည့်ပါ။ ချစ်ဖို့ကောင်းပါတယ်။

ဒီပို့စ်လေးကတော့ မိန်းကလေးဆန်ပြီး ချစ်ဖို့ကောင်းနေမယ့် Cute Type လေးပါ။

မိန်းကလေးဆန်ဆန်လေး ဝတ်ပြီးတော့ ရိုက်မယ်ဆိုရင် နေပူနေတဲ့အချိန်မှာ ဒီပို့စ်လေးအတိုင်း ပို့စ်ပေးလို့ရပါတယ်။

ဒီပုံလေးဆိုရင် ပို့စ်သိပ်မပေးတတ်တဲ့သူတွေအတွက် အရမ်းအဆင်ပြေပါတယ်။ ရိုးရိုးလေးနဲ့ လှနေစေမယ့် ပို့စ်ပေးနည်းလေးပါပဲ။

Photo source:www.pinterest.com