လက်သည်းပုံဖော်ရတာဝါသနာပါတဲ့ မိန်းကလေးတွေအတွက် မိန်းကလေးဆန်ပြီးလှတဲ့ ချစ်ဖို့လည်းကောင်းတဲ့ ဖဲပြားပုံလက်သည်းဒီဇိုင်းတွေကို မျှဝေပေးလိုက်ပါတယ်။ ရိုးရှင်းတာလေးတွေလည်းပါသလို ဒီဇိုင်းဆန်းတာလေးတွေလည်း ပါတာကြောင့် သဘောကျမယ်လို့ ထင်ပါတယ်။

ဒီလက်သည်းဒီဇိုင်းဆိုရင် ရှင်းရှင်းလေးနဲ့ အရမ်းလှပါတယ်။ ဒီလို ဒီဇိုင်းရိုးရိုးရှင်းရှင်းလေးတွေက ဘယ်တော့မှရိုးမသွားစေပါဘူး။

ဒီဇိုင်းဆန်းတာကြိုက်ရင် ဒီဖဲပြားလက်သည်းဒီဇိုင်းက လူငယ်ဆန်ပြီးလှပါတယ်။ ဒီဇိုင်းတစ်မျိုးထဲမဟုတ်ပဲ အစုံပုံဖော်ထားတာဖြစ်လို့ စတိုင်လ်ကျလှပနေတာမျိုးပါ။

ရိုးရှင်းသလိုလိုနဲ့ ဖဲပြားဒီဇိုင်းကြောင့် အမြင်ဆန်းပြီးလှသလို ချစ်ဖို့လည်းကောင်းတဲ့ လက်သည်းဒီဇိုင်းလေးပါ။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင်လည်း ရှင်းရှင်းလေးနဲ့ အရမ်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။ လက်သည်း အချွန်ထားရင် ဒီလိုလေး ပုံဖော်ကြည့်နော်။

ဒီဇိုင်းဆန်းပြီး အရမ်းလှတာမျိုး၊ ပွဲတိုးတာမျိုးကြိုက်ရင် ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။ အရမ်းလှပါတယ်။

လက်သည်းမရှည်တဲ့သူတွေနဲ့ လက်သည်းခွံသေးတဲ့သူတွေအတွက် ချစ်ဖို့ကောင်းပြီး လှလည်းလှတဲ့ လက်သည်းဒီဇိုင်းလေးပါ။

ဒါကတော့ ခရမ်းရောင်ကြိုက်တဲ့သူတွေအတွက် လှပပြီး ချစ်ဖို့လည်းကောင်းတဲ့ လက်သည်းဒီဇိုင်းလေးပဲ ဖြစ်ပါတယ်။

လက်သည်းအရှည်ထားရင် ဒီလိုဖဲပြားလက်သည်းဒီဇိုင်းမျိုး ပုံဖော်ကြည့်ပါ။ ဒီဇိုင်းမျိုးစုံပုံဖော်ထားတာဖြစ်လို့ Style ကျပြီးလှပါတယ်။ ပန်းရောင်ကြောင့် ပိုပြီးမိန်းကလေးဆန်စေပါတယ်။

ရှင်းရှင်းလေးကြိုက်တဲ့သူတွေအတွက် လက်သည်းထပ်မှာ ဖဲပြားပုံဖော်ပြီး ကျောက်လေးကပ်လိုက်လို့လည်း ရပါသေးတယ်။ ချစ်ဖို့ကောင်းတဲ့ ဒီဇိုင်းလေးပါပဲ။

ဒီဇိုင်းဆန်းပြီး မိုက်လည်းမိုက် လှလည်းလှ၊ ဖက်ရှင်ကျနေတာမျိုးလည်း လိုချင်ရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကိုသာ ပုံဖော်ကြည့်ပါ။ အရောင်ကြောင့်လည်း ပိုပြီးလှသွားတာပါ။

Photo source:www.pinterest.com