ပိန်ပိန်သေးသေးကောင်မလေးတွေအတွက် မိန်းကလေးဆန်ပြီး ချစ်ဖို့ကောင်းစေမယ့် short fashion outfit လေးတွေကို မျှဝေပေးလိုက်ပါတယ်။ ဘယ်လို body မျိုးပဲဖြစ်ဖြစ် ကိုယ်နဲ့လိုက်ဖက်တဲ့ fashion လေးတွေကို ဝတ်စားတတ်ရင် အရမ်း fashion ကျပြီး hot နေစရာမလိုပဲနဲ့ကို ချစ်ဖို့ကောင်းနေတာ၊ လှနေတာပါ။ ဒါကြောင့် ပိန်ပိန်သေးသေး ကောင်မလေးတွေဆိုရင်တော့ မိန်းကလေးဆန်ပြီး ချစ်ဖို့ကောင်းတဲ့ look လေးလိုချင်ရင်တော့ ဒီ short fashion လေးတွေကိုသာ try ကြည့်လိုက်နော်။

ဒီလိုဂါဝန်လေးဆိုရင် ရိုးရိုးလေးနဲ့ မိန်းကလေးဆန်ပြီး လှလည်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။ ဒေါက်ဖိနပ်လေးတွေစီးလိုက်ရင်တော့ ပိုလှသွားမှာပါ။

ထသွားထလာအတွက်လည်း အဆင်ပြေပြီး ချစ်ဖို့ကောင်းနေစေမယ့် fashion လေးပါ။ ပိန်ပိန်သေးသေး ကောင်မလေးတွေနဲ့ အရမ်းကိုလိုက်ဖက်ပါတယ်။

ရိုးရှင်းပြီး ချစ်ဖို့ကောင်းတဲ့ ဒီဂါဝန် fashion လေးကလည်း ပိန်ပိန်သေးသေး ကောင်မလေးတွေနဲ့ အရမ်းလိုက်ဖက်ပါတယ်။

ပိန်ပိန်သေးသေး ကောင်မလေးတွေနဲ့ လိုက်ဖက်တဲ့ နောက်ထပ် fashion လေးပါ။ မိန်းကလေးဆန်ပြီး ရိုးရိုးလေးနဲ့ ချစ်ဖို့ကောင်းနေစေမယ့် fashion လေးလည်း ဖြစ်ပါတယ်။

ဂါဝန်အဖြူအတိုလေးတွေဝတ်မယ်ဆိုရင် မိန်းကလေးပိုဆန်ချင်တဲ့အခါ ဒေါက်ဖိနပ်လေးစီးပြီး ချစ်ဖို့ကောင်းချင်ရင်တော့ sneakers လေးတွေစီးလိုက်နော်။ ပိုပြီးတော့ fashion ကျပြီး ချစ်ဖို့ကောင်းချင်ရင်တော့ ဒီ fashion look လေးအတိုင်းသာ ပြင်ဆင်လိုက်ပါ။

ဘယ်အချိန်ကြည့်ကြည့် ရိုးမသွားပဲ ချစ်ဖို့ကောင်းတဲ့ ဒီ fashion လေးကလည်း ပိန်ပိန်သေးသေး ကောင်မလေးတွေနဲ့ အလိုက်ဖက်ဆုံးပါပဲ။

အပြင်သွားတဲ့အခါ ပေါ့ပေါ့ပါးပါး ဒီလိုကြိုးတစ်လုံးဂါဝန်အတိုလေးတွေ ဝတ်တာလည်း ပိန်ပိန်သေးသေး ကောင်မလေးတွေနဲ့ လိုက်ဖက်တဲ့ နောက်ထပ် fashion လေးပါပဲ။

ဒီ fashion လေးကတော့ မိန်းကလေးဆန်ပြီး ချစ်ဖို့ကောင်းသလို အခုနောက်ပိုင်းမှာ ခေတ်စားတဲ့ fashion လေးလည်း ဖြစ်ပါတယ်။

ပိန်ပိန်သေးသေး ကောင်မလေးတွေအတွက် မိန်းကလေးဆန်ပြီး ချစ်ဖို့ကောင်းနေစေမယ့် နောက်ထပ် simple fashion လေးကတော့ body fit dress လေးပဲဖြစ်ပါတယ်။ ထသွားထလာဝတ်မယ်ဆိုလည်း အရမ်းအဆင်ပြေတဲ့ fashion လေးပါ။