ပိတ်ရက်တွေကိုရောက်ဖို့ မျှော်နေကြပေမယ့် ပိတ်ရက်ရောက်ပြန်တော့လည်း လုပ်စရာတွေမရှိ သွားစရာတွေမရှိလို့ ပျင်းနေရပြန်ပြီလား။

အိမ်မှာနေရင်းနဲ့ပဲ ကိုယ့်အတွက်ပျော်စရာကောင်းတဲ့အချိန်လေးတွေကို ပိုင်ဆိုင်ရနိုင်စေမယ့် နည်းလမ်းလေးတွေ၊ လုပ်စရာလေးတွေဆိုတာ ရှိနေပြီးသားပါနော်။

လက်သည်းနီဆိုးပါ

မိန်းကလေးတိုင်း ဝါသနာပါတဲ့အလုပ်တစ်ခုပါ။ လက်ချောင်းလှလှလေးတွေကို ပိုပြီးတော့လှပသွားအောင် လက်သည်းနီအရောင်လှလှလေးတွေဆိုးပြီး အချိန်ကုန်နေလိုက်လို့လည်းရပါတယ်။ ဒါမှလည်း ရုံးတွေကျောင်းတွေပြန်ဖွင့်တဲ့အခါမှာ လှလှပပလေးပြန်ဖြစ်နေမှာပေါ့။

စာအုပ်ဖတ်ပါ

စာအုပ်စာပေ လူ့မိတ်ဆွေဆိုတဲ့စကားက သိပ်မှန်ပါတယ်။ အားလပ်နေတဲ့အချိန်တွေမှာ စာအုပ်တွေဖတ်ပြီး ကိုယ့်အတွက်အကျိုးရှိစေမယ့်အရာတွေ၊ လောကကြီးအကြောင်း၊ လူတွေအကြောင်းကို မှတ်သားမယ်ဆိုရင် ဘဝအတွက်လှေကားထစ် တစ်ခုလိုမျိုးပိုင်ဆိုင်ရစေမှာပါ။

ဓာတ်ပုံရိုက်ပါ

ပိတ်ရက်မှာအပြင်သွားစရာမရှိပဲ ပျင်းနေရင်စိတ်ညစ်မနေပါနဲ့။ မိတ်ကပ်လှလှလေးပြင်ဆင်ပြီး Sefile လှလှလေးတွေရအောင် ရိုက်လိုက်ပါ။ ဒီ ဓာတ်ပုံလေးတွေက Facebook , Instagram ပေါ်မှာတင်မယ်ဆိုရင် သင့်စိတ်ကိုလည်းတဖန်ပျော်ရွှင်လာပါလိမ့်မယ်။

အခန်းသန့်ရှင်းရေးလုပ်ပါ

ပိတ်ရက်မှာသင့်အခန်းလေးကို ပိုပြီးတော့သပ်ရပ်လှပသွားအောင် ရှင်းစရာရှိတာလေးတွေရှင်း၊ သိမ်းစရာရှိတာလေးတွေသိမ်းပေးလိုက်မယ်ဆိုရင် စိတ်ကိုလည်းလန်းဆန်းပြီး နေရတာလည်းပျော်ရွှင်လာပါလိမ့်မယ်။

ချက်ပြုတ်ပါ

မိန်းကလေးဆိုတော့ အချက်အပြုတ်လေးတော့ရနေရမယ်လေ။ ကိုယ်တိုင်စားဖို့ပဲဖြစ်ဖြစ်၊ အိမ်မှာရှိနေတဲ့သူတွေအတွက်ပဲဖြစ်ဖြစ် လုပ်တတ်သလောက်လေးလုပ်ပြီးတော့ ချက်ရမှာပေါ့။ ကိုယ်ကမကျွမ်းကျင်သေးဘူးဆိုရင်လည်း အလေ့အကျင့်လေးဖြစ်အောင်လုပ်သင့်တယ်နော်။