ဓာတ်ပုံရိုက်ရတာဝါသနာပါတဲ့ မိန်းကလေးတွေအတွက် သဘာဝရှုခင်းတွေနဲ့ အရမ်းလှတဲ့ ပုံကောင်းလေးတွေရလာစေမယ့် ပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။

သဘာဝရှုခင်းနဲ့ရိုက်ရင်၊ ခရီးသွားရင် ဒီလိုလေးပို့စ်ပေးပြီး ရိုက်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းတဲ့ ပုံကောင်းလေးရလာမှာပါ။

နောက်မှာလယ်ကွင်းတွေရှိရင် တိမ်တွေပါအောင်ရိုက်ပါ။ ဒီလိုလေးပို့စ်ပေးပြီး ရိုက်ကြည့်ပါ။ ရှုခင်းကြောင့် ပိုပြီးလှသွားစေပါတယ်။

ပန်းခြံတွေမှာပဲဖြစ်ဖြစ် မြက်ခင်းမှာ အခင်းလှလှလေးတွေခင်းပြီး Picnic ထွက်သလို ရိုက်တာမျိုးလေးတွေက နောက်ပိုင်းမှာ အရမ်းခေတ်စားလာတာပါ။ ဒါကြောင့် ကိုယ်တိုင်ရိုက်မယ်ဆိုရင်လည်း ဝတ်ထားတဲ့ဖက်ရှင်က ဘောင်းဘီရှည်လေးဆိုရင် ဒီလိုလေးပို့စ်ပေးရိုက်ကြည့်ပါ။

ကိုယ်ဝတ်ထားတဲ့ဖက်ရှင်က မိန်းကလေးဆန်ဆန် Cute type လေးဆိုရင် ဒီလိုလေးပို့စ်ပေးရိုက်ကြည့်ပါ။ အရမ်းလှတဲ့ပုံကောင်းတစ်ပုံ ထွက်လာမှာပါ။

ဒီလိုပို့စ်လေးဆိုလည်း အရမ်းချစ်ဖို့ကောင်းပါတယ်။ သဘာဝရှုခင်းအလှကြောင့် ကိုယ့်ပုံလေးပိုပြီးလှသွားစေပါတယ်။

မြက်ခင်းပြင်မှာ ဒီလိုလေးထိုင်ရိုက်တာကလည်း မိန်းကလေးဆန်ပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။ သဘာဝရှုခင်းကြောင့် ပိုပြီးလှတဲ့ ပုံကောင်းလေးထွက်လာမှာပါ။

ဒီပို့စ်လေးဆိုရင် လွတ်လပ်ပေါ့ပါးတဲ့ပုံစံလေးနဲ့ happy girl လေးလိုမျိုး အရမ်းချစ်ဖို့ကောင်းပါတယ်။

ပို့စ်တွေသေချာမလုပ်တတ်ရင်လည်း မပူပါနဲ့။ မျက်နှာသိပ်မပေါ်အောင် ဒီလိုလေးထိုင်ပြီး ပို့စ်ပေးကြည့်ပါ။ သဘာဝရှုခင်းကလှရင် ဘယ်လိုနေနေလှတဲ့ ပုံကောင်းလေးထွက်လာပါတယ်။

အပင်လေးတွေကို နောက်ခံထားပြီးရိုက်ရင်လည်း Resolution စိုစိုလေးနဲ့ အရမ်းလှပါတယ်။ ပို့စ်မပေးတတ်ရင် ဒီပို့စ်လေးလုပ်ကြည့်ပါ။

သဘာဝရှုခင်းကိုနောက်ခံထားပြီး ခုံမှာထိုင်ရိုက်မယ်ဆိုရင်တော့ ထွေထွေထူးထူးပို့စ်ပေးစရာမလိုပါဘူး။ ထိုင်လိုက်တာနဲ့ကို လှနေပါပြီ။

ဒီပို့စ်လေးကျတော့ ကိုရီးယားမလေးတွေရဲ့ပို့စ်ပေးနည်းပါပဲ။ ရိုးရိုးလေးနဲ့ အရမ်းချစ်ဖို့ကောင်းပါတယ်။

Photo source:www.pinterest.com