သင်က မှန်ရှေ့မှာ ရပ်ပြီး သင့်ပုံစံကို ကြည့်တဲ့အချိန် စတိုင်ကျနေပေမယ့် အရမ်းကြိုးစားထားလွန်းတယ်ဆိုတဲ့ အတွေးမျိုး ဝင်ဖူးလား။ တစ်ခါတလေ ကိုယ်က စတိုင်ကျအောင် အတင်းလုပ်ယူနေတဲ့ပုံစံမျိုး ဖြစ်သွားတတ်ပါတယ်။ သင်က ဘာမှလုပ်ထားတယ်မထင်ရအောင် အလိုလို စတိုင်ကျနေစေမယ့် နည်းလမ်းတွေကို သိချင်ရင်တော့ ဆက်ကြည့်လိုက်ပါနော်-

၁။ Dramatic Earring ထည့်လိုက်ပါ

သင့် Outfit က ရိုးရှင်းတယ်ဆိုရင် ထင်ရှားပြီး တောက်ပနေတဲ့ နားကပ်၊ နားဆွဲမျိုးကို ဝတ်လိုက်သင့်ပါတယ်။ ဒီလိုဆိုရင် ရိုးရှင်းပေမယ့် ဆန်းတဲ့ ဖက်ရှင်မျိုးကို ရသွားပါပြီ။

၂။ သင့်စတိုင်ကိုပဲ ပိုလှအောင် လုပ်ပါ

သင်က ဂါဝန်ရှည်ကို ဝတ်ရတာ နှစ်သက်သူလား၊ Blazer ထပ်ဝတ်ရတာ သဘောကျသူလား၊ နေကာ မျက်မှန်ဝတ်ရတာ နှစ်သက်သူလား စသဖြင့် ကိုယ်နှစ်သက်တာကို မပြောင်းလဲဘဲ သင့်ရဲ့ ကိုယ်ပိုင်စတိုင်အနေနဲ့ ထားသင့်ပါတယ်။

၃။ Accessories တွေ အများကြီးမဆင်မိအောင် သတိထားပါ

လှချင်တိုင်း Accessories တွေ အထပ်လိုက်ဝတ်စရာ မလိုပါဘူး။ ဒီလို လုပ်လိုက်တာက သင့်ကိုယ်သင် စတိုင်ကျအောင် အတင်းလုပ်ထားတယ်ထင်ရစေပါတယ်။ အနည်းငယ် ဆင်ရုံနဲ့ လုံလောက်ပါတယ်။

၄။ ကိုယ်သဘောကျတဲ့ နာမည်ကျော်တစ်ယောက်ထားပါ

နာမည်ကျော် တစ်ဦးဦးရဲ့ ဝတ်ဆင်ပုံကို မြင်လိုက်တာနဲ့ သင်လည်း
ဒါမျိုး ဝတ်ချင်တယ်ဆိုပြီး ဖြစ်သွားဖူးလား။ နာမည်ကျော်တွေထဲမှာ သင်နဲ့ စတိုင်အကြိုက်တူတဲ့သူရှိမှာပါ။ ဒီလိုသူကို ရှာပြီး နမူနာယူ ဝတ်ဆင်သင့်ပါတယ်။

၅။ အနက်ရောင် ဒေါက်ဝတ်ပါ

ဖိနပ်တွေထဲကမှ အနက်ရောင် ဒေါက်ဖိနပ်က အင်္ကျီတိုင်းနဲ့ လိုက်ဖက်ပါတယ်။ သင်က ဒီဖိနပ်ဝတ်ထားရုံနဲ့ စတိုင်ကျနေပြီး ကြိုးစားလွန်းတယ် မထင်ရစေပါဘူး။

၆။ အရောင် နှစ်ရောင်၊ သုံးရောင်ထပ် မပိုပါစေနဲ့

သင့်တစ်ကိုယ်လုံးစာ Outfit ကို အရောင်သုံးရောင်ထပ် ပိုမထားသင့်ပါဘူး။ ဥပမာ- အနက်ရောင်၊ အနီရောင်နဲ့ အဖြူရောင်ဆိုရင် တွဲလို့ လှတဲ့ အရောင်ဖြစ်ပါတယ်။

၇။ လုံလောက်ပြီဆိုရင် ရပ်လိုက်ပါ

သင်က စတိုင်ကျချင်လွန်းရင် လိုတာထက် ပိုဆင်မိတတ်ပါတယ်။ ဒါကြောင့် ရလောက်ပြီထင်တဲ့ အချိန်ကို သိနေဖို့ လိုပါတယ်။

Source: Allwomenstalk

By MyStyle Myanmar