တောင်ကိုရီးယားနိုင်ငံက အမျိုးသမီးကေပေါ့အဖွဲ့တွေထဲမှာ အင်မတန်ရေပန်းစားလူကြိုက်များခဲ့တဲ့ Girl’s Generation အဖွဲ့ကို ကေပေါ့ကြိုက်သူအများစုသိကြမယ်လို့ထင်ပါတယ်။ မိန်းကလေးကိုးယောက်နဲ့ဖွဲ့စည်းထားပြီး ပြေပြစ်လှပတဲ့ ခန္ဓာကိုယ်အချိုးအစား၊ သီဆိုဟန်၊ ကဟန်ကောင်းကွက်တွေကြောင့်လည်း ထင်ပေါ်ကျော်ကြားလှပါတယ်။

အဖွဲ့စာချုပ်သက်တမ်းကုန်သွားလို့ တချို့တွေက SM Entertainment နဲ့ စာချုပ်ပြန်ချုပ်ကြပေမယ့်လည်း လက်တွဲဖြုတ်လိုက်သူတွေလည်းရှိပါတယ်။ ဒီအထဲကမှ သရုပ်ဆောင်ပိုင်းကို အဓိကသွားနေတဲ့ Soo Young ရဲ့ အကြောင်းလေးကို ဖော်ပြပေးချင်ပါတယ်။

အမည်ရင်းကတော့ Choi Soo Young ဖြစ်ပြီး သူမရဲ့မွေးနေ့ကတော့ ၁၉၉၀ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့ဖြစ်ပါတယ်။ အရပ်အမြင့် ၅ ပေ ၈ လက်မရှိပြီး သွေးအမျိုးအစားကတော့ အိုသွေးပါ။ တောင်ကိုရီးယားနိုင်ငံ Gwangju, Gyeonggi မှာ ဖွားမြင်ခဲ့တာဖြစ်ပြီး Musical မင်းသမီးအဖြစ်လုပ်ကိုင်နေတဲ့ အစ်မတစ်ယောက်ရှိပါတယ်။ ၂၀၀၇ ခုနှစ်မှာ Girl’s Generation အဖွဲ့ဝင်အဖြစ် အနုပညာလောကကိုဝင်ရောက်လာခဲ့ကာ ဂျပန်ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်ပါတယ်။

ဟယ်ရီပေါ်တာရဲ့အမာခံပရိတ်သတ်တစ်ဦးဖြစ်ပြီးတော့ သူမရဲ့ပုံရိပ်နဲ့မတူအောင်ကို စိတ်ပျော့သူဖြစ်ကာ လွယ်လွယ်ငိုတတ်ပါသေးတယ်။ ၂၀၁၃ ခုနှစ်ကတည်းကစပြီး မင်းသားချော Jung Kyung Ho နဲ့ တွဲနေတယ်လို့ အတည်ပြုခဲ့ကာ ယနေ့အချိန်ထိလည်း လက်တွဲမြဲနေကြဆဲဖြစ်ပါတယ်။ SM Entertainment ကို စွန့်ခွာပြီးနောက် Saram Entertainment နဲ့ စာချုပ်ချုပ်ဆိုခဲ့ကာ သရုပ်ဆောင်လမ်းကြောင်းမှာ လျှောက်လှမ်းလျက်ရှိပါတယ်။

Photo Source: Pinterest