Idols  Fashion ကိုစိတ်ဝင်စားကြတဲ့ ပျိုမေတို့အားလုံးပဲမင်္ဂလာပါနော်။ အခုတစ်ခေါက်မှာ Kpop ပရိသတ်တိုင်း မသိတဲ့သူမရှိတဲ့ Girls’ Generation အဖွဲ့ထဲက အငယ်ဆုံးအဖွဲ့ဝင်လေး Seohyun ရဲ့ စမတ်ကျကျဝတ်ဆင်ပုံ ဖက်ရှင်လေးတွေကို ဖော်ပြပေးချင်ပါတယ်။


သူမရဲ့နာမည်အပြည့်အစုံကတော့ Seo Ju-hyun ဖြစ်ပြီး Seohyun အနေနဲ့လူသိများပါတယ်။ သူမကို ၁၉၉၁ ခုနှစ်၊ ဇွန်လမှာမွေးခဲ့တာကြောင့် အခုဆိုရင် အသက် ၃၀ ပြည့်ပြီးပါပြီ။ သူမဟာဆိုရင် ၅ ပေ ၅ ကျော်တဲ့အရပ်ရှိပြီး ကလေးလေးတစ်ယောက်လို အပြစ်ကင်းစင်တဲ့ မျက်နှာလေးကိုလည်း ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။


အနုပညာပိုင်းမှာတော့ Girl Generation အဖွဲ့ဝင်အနေနဲ့ ၂၀၀၇ ခုနှစ်က ပွဲဦးထွက်ခဲ့ပြီး ၂၀၁၆ ခုနှစ်နောက်ပိုင်းမှာ တေးသရုပ်ဖော်ပြဇာတ်တွေမှာ ပါဝင်လာခဲ့ပါတယ်။ ၂၀၁၇ မှာ Solo Artist အနေနဲ့ စတင်လုပ်ကိုင်ခဲ့ပြီး ၂၀၁၉ လောက်ကစကာ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တာကြောင့် သူမကို Idol အပြင် သရုပ်ဆောင်ကောင်းပြီးအောင်မြင်တဲ့ ဇာတ်လမ်းတွဲမင်းသမီးတစ်ယောက်အနေနဲ့ပါ ပရိတ်သတ်တွေက သိထားကြပါတယ်။


မကြာသေးခင်ကမှထွက်ရှိခဲ့ပြီး လတ်တလောလူပြောများနေတဲ့ Netflix ဇာတ်လမ်းတွဲ Love And Leashes မှာလည်း အဓိကဇာတ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်လမ်းတွဲပရိတ်သတ်တွေရဲ့အားပေးမှုကို ထပ်မံအရယူထားဆဲဖြစ်တာကိုလည်း တွေ့ရပါတယ်နော်။


ဒီတော့ Seohyun ကိုချစ်တဲ့ပရိသတ်တွေနဲ့ သူမလို ခန္ဓာကိုယ်သွယ်တဲ့ မိန်းကလေးတွေ အတုယူနိုင်ဖို့ သူမရဲ့စမတ်ကျတဲ့ဖက်ရှင်လေးတွေကို ဝေမျှပေးလိုက်ပါတယ်။


Photo Source: Pinterest

By MyStyleMyanmar