မိန်းကလေးတွေအတွက် အနားယူတဲ့ရက်မှာ စိတ်ပျော်ရွှင်အောင်လုပ်လို့ရတဲ့ အရာတွေကို ပြောပြပေးလိုက်ပါတယ်။ အနားယူလည်း ဖုန်းပဲပွတ်နေတာမျိုးမလုပ်ပဲ ဒီအရာလေးတွေကိုလည်း လုပ်ကြည့်နော်။

ရုပ်ရှင်ကြည့်ပါ

မအားလို့မကြည့်ရသေးတဲ့ ရုပ်ရှင်တွေကို အနားယူတဲ့ရက်တွေ ရှယ်ပလန်နဲ့ ကြည့်ပစ်လိုက်ပါ။ အနားယူတဲ့ရက်မှာ အပြင်လည်းလျှောက်မသွားချင်ဘူး အိမ်ထဲမှာပဲနေချင်တာဆိုရင်တော့ ရုပ်ရှင်ကြည့်တာက အကောင်းဆုံးပါပဲ။

မုန့်လုပ်စားပါ

တချို့ကျတော့ အနားယူတဲ့ရက်မှာ မုန့်လုပ်စားချင်ကြတာမျိုး ရှိပါတယ်။ ဒါဆိုရင် အနားမယူခင်ရှေ့ရက်မှာ လိုအပ်တာတွေကို တစ်ခါထဲဝယ်လာပြီး အနားယူတဲ့ရက်မှာ အဆင့်သင့်လုပ်ရုံပဲပေါ့။ မုန့်လုပ်ရတာ ဝါသနာပါရင်တော့ မုန့်လုပ်စားရတာလည်း စိတ်ကိုပျော်ရွှင်စေပါတယ်။ လုပ်ရမှာပျင်းတဲ့သူကတော့ မှာစားတာမျိုး၊ အပြင်မှာထွက်စားတာမျိုးတွေလုပ်ပါ။

Manicure လုပ်ပါ

အလှအပကြိုက်တဲ့ မိန်းကလေးတွေကတော့ အနားယူတဲ့ရက်မှာ Manicure လုပ်ပါ။ လက်သည်းလုပ်ရတာ ကြိုက်တဲ့သူအတွက်တော့ ဒါက စိတ်ပျော်ရွှင်မှုတစ်ခုပါပဲ။ တချို့ဆိုရင် Stress တွေများနေချိန် Manicure လုပ်လိုက်ရင် ပျော်သွားတာမျိုးတောင် ရှိပါတယ်။

အိပ်ပါ

ငပျင်းလေးတွေအတွက် ပျော်ရွှင်မှုကတော့ အိပ်ရဖို့ပါပဲ။ ဒီတော့ အနားယူတဲ့ရက်မှာ စိတ်ရှိသလောက် အိပ်ပစ်လိုက်ပါ။ အပြည့်အဝ အနားယူလိုက်ပါ။ အပြင်မသွားချင်ဘူး၊ ဘာမှလည်း မလုပ်ချင်ဘူးဆိုရင် ရုပ်ရှင်ကြည့်လိုက်၊ အိပ်လိုက်နဲ့ အနားယူလို့ရတာပါပဲ။

စာအုပ်ဖတ်ပါ

စာအုပ်ဖတ်ရတာ ကြိုက်တဲ့သူတွေအတွက်ကျတော့ နားရက်မှာ စာအုပ်ကောင်းကောင်းလေးတွေ ဖတ်ရတာက စိတ်ပျော်ရွှင်မှုရစေပါတယ်။ ဒီတော့ ဖတ်ချင်တဲ့စာအုပ်တွေကို အနားမယူခင်ရှေ့ရက်တွေမှာ ကြိုဝယ်ထားပြီး အနားယူတဲ့ရက်ကျ စိတ်ကြိုက်ဖတ်ပေတော့။

ဓာတ်ပုံရိုက်ပါ

ဓာတ်ပုံရိုက်ရတာဝါသနာပါတဲ့ မိန်းကလေးတွေကျတော့ အနားယူတဲ့ရက်မှာ သူငယ်ချင်းတွေနဲ့ ဒိတ်လုပ်ပြီး မုန့်စားရင်းနဲ့ ဓာတ်ပုံရိုက်တာမျိုး၊ ဒါမှမဟုတ်လည်း အိမ်မှာပဲ ပြင်ဆင်ပြီး ရိုက်တာမျိုးတွေ လုပ်လို့ရပါတယ်။ ပုံလှလှလေးတွေရလာရင် စိတ်ပျော်ရွှင်မှုရစေတာပါပဲ။