တစ်ခါတလေ ဒီအချိန်ထိ ဘာကြောင့် ရည်းစားမရသေးလဲဆိုတဲ့အကြောင်းအရင်းကို တွေးဖူးလား။ ကိုယ်အကြိုက်မတွေ့တာဖြစ်နိုင်သလို ကိုယ့်အပြုအမူတွေကြောင့်လည်း ချစ်သူမရတာဖြစ်နိုင်ပါတယ်။ တွဲပြီး ခဏတဖြုတ်နဲ့ ပြတ်တယ်ဆိုတာကလည်း သင့်ဆီမှာ အောက်မှာပြထားတဲ့ အပြုအမူတွေ ရှိနေလို့ ဖြစ်နိုင်ပါတယ်။ ဒီတော့ ယောကျာ်းလေးတွေ ဝေးဝေးရှောင်တဲ့ မိန်းကလေးပုံစံထဲ သင်ပါနေမလား ကြည့်လိုက်ရအောင်နော်-

၁။ ဆရာလုပ်တဲ့မိန်းကလေး

Photo Source: Depositphotos

ဆရာလုပ်တာနဲ့ ခေါင်းဆောင်တာက မတူပါဘူး။ Project တစ်ခုမှာ ကိုယ်က ဦးဆောင်ဦးမ ပြုပြီး တာဝန်တွေကို ခွဲဝေပေးတာက ဦးဆောင်တာပါ။ တခြားသူတွေရဲ့ အကြံပေးချက်တွေကို နားမထောင်ဘဲ ငါပြောတဲ့အတိုင်းပဲလုပ်၊ ငါပဲ မှန်တယ်ဆိုတဲ့လူမျိုးက ဆရာမကြီးတွေရဲ့ အမူအရာတွေပါ။

၂။ ဘဝင်မြင့်တဲ့ မိန်းကလေး

Photo Source: Depositphotos

ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတာနဲ့ ဘဝင်မြင့်တာမတူပါဘူး။ သူတို့ထက် သာတဲ့သူမရှိဘူးလို့ ထင်တတ်သူတွေ။ တစ်ခုခု မှားရင်လည်း တောင်းပန်ရမှန်းမသိတတ်သူတွေ၊ ကိုယ့်ကိုကိုယ် စဉ်းလုံးချော ပြီးပြည့်စုံတယ်လို့ ထင်နေတဲ့ မိန်းကလေးတွေပါ။

၃။ ရိုးသားမှုမရှိတဲ့ မိန်းကလေး

Photo Source: Medical News Today

လိမ်တတ်တဲ့မိန်းကလေးကို ယောကျာ်းလေးတွေက သဘောမကျတတ်ကြပါဘူး။

၄။ Drama ခင်းတဲ့မိန်းကလေး

Photo Source: LovePanky

ဒရာမခင်းလွန်းတဲ့ မိန်းကလေးမျိုးပါ။ တစ်လောကလုံးမှာ သူတို့ပဲ ဇာတ်နာနေတတ်ပါတယ်။ တစ်နေ့မှာ တစ်ယောက်ယောက်နဲ့ စကားမများရရင် မနေတတ်ပါဘူး။ ယောကျာ်းလေးတွေက Dramatic Queen တွေကို သဘောမကျတတ်ပါဘူး။

၅။ လောဘကြီးတဲ့မိန်းကလေး

Photo Source: Pinterest

မရောင့်ရဲနိုင်တဲ့မိန်းကလေးမျိုးပါ။ ယောကျာ်းလေးတစ်ယောက်က သူမကို ပန်းပေးရင် သူမက စိန်လက်စွပ်လိုချင်တတ်ပါတယ်။ သူဘာပေးပေး သင့်ဘက်က ကျေးဇူးတင်ကြောင်းမပြဘဲ ရလာတဲ့ အရာအတွက် ငြီးငြူနေတတ်ပါတယ်။

၆။ ရုပ်ဝတ္ထုပစ္စည်းတွေကို ကိုးကွယ်တဲ့မိန်းကလေး

Photo  Source: eL CREMA

သင်က သူမကို မိုးရေထဲ အနမ်းခြွေမယ်ဆိုရင် မစခင် သူမရဲ့ လက်စွပ်က ဘယ်လောက်ဈေးကြီးတယ်၊ အဝတ်စိုသွားမယ် စသဖြင့် စောဒက တက်နေတတ်ပါတယ်။ ချစ်သူကောင်လေးနဲ့ သင့်ဖုန်းအတူတူ ပြုတ်ကျရင်တောင် ချစ်သူထက် ဖုန်းဘာဖြစ်သွားမလဲ စိတ်ပူတတ်သူတွေပါ။

၇။ ကိုယ့်ဖို့ပဲ ကိုယ်သိသူ

Photo Source: Metro Parent

စကားဝိုင်းတစ်ခုမှာ တစ်ယောက်တည်းအကြောင်းပဲ ထိုင်ပြောနေလို့မရပါဘူး။ ကိုယ့်ဖို့ပဲ သိလို့မရပါဘူး။ အချစ်ရေးမှာလည်း ကိုယ့်ဖို့ပဲ သိတဲ့မိန်းကလေးက ကိုယ်ပြောချင်တာပဲ သိပြီး တခြားသူဘာပြောမလဲ အရေးမစိုက်တတ်ပါဘူး။ သူ့အတွက် မစဉ်းစားဘဲ ကိုယ့်အတွက်ပဲ ကိုယ်စဉ်းစားတတ်ပါတယ်။

ဒီမိန်းကလေးပုံစံ (၇) မျိုးကိုတော့ ယောကျာ်းလေးတွေက ရှောင်တတ်ကြပါတယ်။

By MyStyle Myanmar