အခုနောက်ပိုင်းမှာဆိုရင် ဖက်ရှင်အရ နေကာမျက်မှန်လေးတွေတပ်တာက အရင်ထက်ပိုပြီး ခေတ်စားလာပါတယ်။ ပုံမှန်အချိန်မှာ မတပ်ရင်တောင်မှ ဓာတ်ပုံရိုက်တဲ့အခါ နေကာမျက်မှန်လေးတွေနဲ့ ရိုက်ကြတာမျိုးတွေကလည်း ပိုပြီးခေတ်စားလာပါတယ်။ ဒါကြောင့် ပို့စ်သိပ်မပေးတတ်တဲ့သူတွေအတွက် နေကာမျက်မှန်လေးတွေနဲ့ အထာကျပြီးလှနေစေမယ့် ပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။

ထိုင်ပြီးရိုက်တဲ့အခါ နေကာမျက်မှန်လေးနဲ့ ဒီလိုလေးသာ ထိုင်ပြီး ပို့စ်ပေးကြည့်ပါ။ အထာကျပြီး မိုက်ပါတယ်။

မတ်တပ်ရပ်ပြီးရိုက်တဲ့အခါ အနောက်မှာ လက်တင်စရာနေရာလေးရှိရင် ဒီလိုလေးပို့စ်ပေးကြည့်ပါ။ အထာကျပြီး လှတဲ့ပုံလေး ထွက်လာပါလိမ့်မယ်။

ကော်ဖီဆိုင်တွေကို အထာကျကျလေးဝတ်စားပြီး သွားတဲ့အခါမှာ နေကာမျက်မှန်နဲ့ ဒီလိုလေးပို့စ်ပေးရိုက်ကြည့်ပါ။

အထာကျကျလေးဝတ်ထားရင် မတ်တပ်ရပ်ပြီး နေကာမျက်မှန်နဲ့ရိုက်တဲ့အခါ ပို့စ်ကို ထွေထွေထူးထူး လုပ်နေစရာမလိုပါဘူး။ ဒီလိုစတိုင်လ်လေးသာ ပို့စ်ပေးလိုက်ပါ။ အထာကျကျ ဖက်ရှင်ကျကျနဲ့ မိုက်နေပါလိမ့်မယ်။

အထာကျကျနဲ့ မိုက်နေစေမယ့် ထိုင်ပုံလေးပါ။ နေကာမျက်မှန်နဲ့ဆိုတော့ ပိုပြီးမိုက်သွားစေမယ့် ပို့စ်လေးပါပဲ။

Mirror Selfie ရိုက်တဲ့အခါမှာလည်း နေကာမျက်မှန်နဲ့ အထာကျပြီးလှနေအောင် ဒီလိုလေးပို့စ်ပေးရိုက်လို့ရပါတယ်။

Jennie ရဲ့ ဒီပို့စ်လေးအတိုင်းလည်း နေကာမျက်မှန်နဲ့ ပို့စ်ပေးရိုက်ကြည့်ပါ။ သူများနဲ့မတူပဲ လှပါတယ်။

လမ်းလျှောက်နေတဲ့ပုံစံလေးကို နေကာမျက်မှန်တပ်ပြီး ဒီလိုလေးရိုက်မယ်ဆိုရင်တော့ အထာကျကျနဲ့ အရမ်းလှပြီး မိုက်နေမှာ သေချာပါတယ်။ ဝတ်ထားတဲ့ဖက်ရှင်က မိုက်နေရင်တော့ ပိုပြီး Perfect ဖြစ်နေမှာပါ။

နံရံကို Background ထားပြီး ရိုက်မယ်ဆိုရင်တော့ ထွေထွေထူးထူး စဉ်းစားမနေပါနဲ့။ ဒီပို့စ်လေးနဲ့သာ ရိုက်ကြည့်ပါ။ ဖက်ရှင်ကျပြီးမိုက်တဲ့ ပုံကောင်းလေး ထွက်လာပါလိမ့်မယ်။

Photo source:www.pinterest.com