မင်္ဂလာပါနော်။ ဒီတခါမှာတော့ ရိုးရှင်းလွယ်ကူပြီး မိတ်ကပ်သားပါးပါးလေးနဲ့ လှနေတဲ့ ကိုးရီးယား မိတ်ကပ် လိမ်းခြယ်နည်းကို မျှဝေပေးချင်တယ်နော်။

အာရှအသားအရေ၊ အာရှမျက်လုံးလေးနဲ့ဆိုတော့ ကိုးရီးယားမိတ်ကပ်က သင့်တော်ပါတယ်။

အရင်ဆုံး မိတ်ကပ်မလိမ်းခင်မှာ လိုအပ်တဲ့ Moisturizer လိမ်းတာ၊ Primer လိမ်းတာနဲ့ ဖောင်ဒေးရှင်းကို လိမ်းလိုက်ပါ။ ပြီးရင် သေချာလေး Blend လုပ်ပေးလိုက်ပါ။

ပြီးရင် Concealer လိမ်းပေးလိုက်ပါ။ အထူးသဖြင့် မျက်လုံးအောက်နားကိုလိမ်းပေးလိုက်ပါ။

ပြီးသွားရင်တော့ မျက်ခုံးမွှေးကို မျက်ခုံးမွှေးဆွဲတံ (သို့) ပေါင်ဒါနဲ့ ဆွဲပေးလိုက်ပါ။ ပြီးရင် Eyeshadow စလိမ်းပါမယ်။

အရောင်ဖျော့ဖျော့ (သို့) အဖြူရောင် Shadow ကိုအရင်ဆုံး လိမ်းလိုက်ပါ။ ပြီးရင် လိမ္မော်ညိုရောင်လေးကို မျက်ခုံးအပေါ်မှာ လိမ်းပေးလိုက်ပါ။

မျက်လုံးအောက်မှာလည်း လိမ္မော်ညိုရောင်လေးကို လိမ်ပေးလိုက်ပါ။ ပြီးရင်တော့ Eyeliner ဆိုးပေးလိုက်ပါနော်။

ပြီးရင် အညိုရောင် Liner နဲ့ အပြင်ဖက်နဲ့ မျက်လုံးအောက်နားကို ဆွဲပေးလိုက်ပါ။ ပြီးသွားရင်တော့မျက်တောင် ကော့ပေးလိုက်ပါ။

ပါးရိုးအပေါ်မှာ Highlighter ကိုလိမ်းလိုက်ပါ။

ပြီးရင် ပါးနီခပ်ပါးပါးလေးဆိုးလိုက်ပါ။

နှုတ်ခမ်းနီဆိုးပါမယ်။ နှုတ်ခမ်းအတွင်းဖက်ကို ပန်းရောင်လေးဆိုးလိုက်ပါ။ ပြီးရင် အရောင်နည်းနည်းဖျော့တဲ့ Lip Gloss ကိုအပြင်ဖက်ကနေ ထပ်ဆိုးလိုက်ပါ။

ပြီးသွားပါပြီနော်။