မိန်းကလေးတစ်ယောက်ရဲ့ အလှကိုပိုပြီးပေါ်လွင်စေတာကလည်း နှုတ်ခမ်းနီလို့ ပြောလို့ရတယ်နော်။ အပြင်သွားတိုင်း ကိုယ်ရဲ့ Outfits နဲ့လိုက်ဖက်တဲ့ နှုတ်ခမ်းနီအရောင်ကို ရွေးရတာလည်း မိန်းကလေးတွေအတွက် စိတ်ကျေနပ်စရာတစ်ခုနော်။ ဒီနှုတ်ခမ်းနီအရောင် ဆိုးလိုက်ရင် ငါ့မျက်နှာကြီးက တစ်မျိုးကြီးဖြစ်သွားမလား၊ အရမ်းများတောက်သွားမလား အဲ့လိုမျိုးဦးနှောက်စားရတာကလည်း အမောပါ။ Lipstick အရောင်ရွေးတဲ့အခါမှာလည်း ဘာအရောင်တွေရွေးရမလဲဆိုတာမျိုးဖြစ်နေပါတယ်။ အခုပြောပြမဲ့ နှုတ်ခမ်းနီအရောင်လေးတွေက ဘယ် Skin Tone မျိုးနဲ့မဆိုလိုက်ဖက်ပြီး ဆိုးလိုက်ရင်လည်း လူကိုClassic ဖြစ်တဲ့ပုံလေးပေါက်သွားစေပါမယ်။

A Pure Blood Red 

ဒီအရောင်ကိုတော့ Celebrity , Movie Star တွေရဲ့ Red Carpets ပွဲတက်တဲ့နေရာမှာ ဆိုးများတဲ့အရောင်တစ်မျိုးလည်း ဖြစ်ပါတယ်။ အနီတောက်တောက်ဆိုတာထက် ကြက်သွေးဘက်သွားတဲ့အရောင်မျိုးဖြစ်ပါတယ်။ ဘယ်အသားရောင်မျိုးနဲ့မဆိုလိုက်ဖက်ပြီး ဆိုးထားရင်လည်း ထက်မြက်ပြီး ဆွဲဆောင်မှုအပြည့်ရှိတဲ့ နှုတ်ခမ်းနီအရောင် ဖြစ်ပါတယ်။

A Light Peach 

နူးညံပြီးတော့ ချစ်စရာကောင်းတဲ့ အသွင်ကိုပေးနိုင်တဲ့ နှုတ်ခမ်းနီအရောင်လေး ဖြစ်ပါတယ်။ မက်မွန်သီးအရောင်လေးတွေဖြစ်ပြီး ကိုယ့်ရဲ့ Outfits က Cute Type ပုံစံလေးဆိုရင်တော့ ဒီနေ့အတွက်ဆိုးသွားသင့်တဲ့ အရောင်မျိုးဖြစ်ပါတယ်။ ကိုရီးယာမလေးတွေရဲ့ Look ကိုပေးနိုင်တဲ့ နှုတ်ခမ်းနီအရောင်လည်းဖြစ်တယ်နော်။

A Bure Nude 

Nude အရောင်ကတော့ အမျိုးသမီးတိုင်းနဲ့ ရင်းနှီးမယ်ထင်ပါတယ်။ အသားရောင်လို့ အများကလက်ခံထားကြပြီး မျက်လုံးအေးစေတဲ့ နှုတ်ခမ်းနီအရောင်တစ်မျိုးလည်း ဖြစ်ပါတယ်။ Nude Lipstick က Smokey Eyes Make Up Look တွေနဲ့ပိုပြီးလိုက်ဖက်ပါတယ်။ ဒါမှမဟုတ် ကိုယ်က Nude အရောင် Crazy ဆိုရင်တော့ မျက်လုံးကိုအရမ်းကြီး ပြင်ထားစရာမလိုပါဘူးနော်။

Photo Source – Free.pik