ထိပ်တန်း မော်ဒယ်တွေထဲမှာ Gigi Hadid လည်း ပါဝင်ပါတယ်။ Gigi က ရှည်လွန်းတဲ့ အရပ်အမြင့်၊ သွယ်လျတဲ့ ခန္ဓာကိုယ်နဲ့ အတူ လှလွန်းတဲ့ မျက်နှာပုံစံ၊ ယုံကြည်မှု ရှိတဲ့ လမ်းလျှောက်ပုံတွေ ကြောင့် ပရိတ်သတ်တွေရဲ့ ချစ်ခင်မှု များစွာ ရရှိထားတဲ့ မော်ဒယ်တစ်ဦး ဖြစ်ပါတယ်။ သူမက ကျစ်လစ်တဲ့ ခန္ဓာကိုယ် ရဖို့ ပုံမှန် လေ့ကျင့်ခန်း ပြုလုပ်သူ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ Gigi လို ခန္ဓာကိုယ်လေး ပိုင်ဆိုင်ဖို့ သူမ လုပ်လေ့ရှိတဲ့ လေ့ကျင့်ခန်းတွေကို ဖော်ပြပါရစေ။

Warm Up

ပထမဆုံးအနေနဲ့ လေ့ကျင့်ခန်း စလုပ်ခင် သွေးပူလေ့ကျင့်ခန်း လုပ်ပေးရပါမယ်။ သူမ လုပ်လေ့ရှိတဲ့ သွေးပူလေ့ကျင့်ခန်းတွေတော့-

၁။ Jumping Jack ၂၅ ခါ လုပ်ပေးရပါမယ်။

၂။ High Knees ၂၅ ခါ ခုန်ရပါမယ်။

၃။ Squat ထိုင်ထ ၁၀ ခါ လုပ်ပေးရပါမယ်။

၄။ Alt Lunges ရှေ့နောက် တစ်လှည့်စီ ဒူးကွေးရတဲ့ လေ့ကျင့်ခန်းကို အခါ ၂၀ လုပ်ရပါမယ်။

လေ့ကျင့်ခန်းများ

၁။ Push Up

Photo Source: Giphy

ဒိုက်ထိုးတာက ကြွက်သားတည်ဆောက်မှုအတွက် သင့်တော်ပြီး ဝိတ်ကျစေပါလိမ့်မယ်။ ၁၀ ခါ ဒိုက်ထိုးရပါမယ်။

၂။ Triceps Dip

Photo Source: Pinterest

ဒီလေ့ကျင့်ခန်းက လက်မောင်းကြွက်သားတွေအတွက် သင့်တော်ပါတယ်။ လက်နှစ်ဘက်ကို ခန္ဓာကိုယ် နောက်မှာ ပြောင်းပြန်ထောက်ထားကာ ဒီလက်ကို အားပြုပြီး အကွေးအဆန့် လုပ်ပေးရပါမယ်။ ၁၀ ခါ လုပ်ရပါမယ်။

၃။ Wall Sit

Photo source: Giphy

နံရံမှာ ဒူးကွေးကာ ဒီအတိုင်း နေပေးရပါမယ်။ Wall Sit လေ့ကျင့်ခန်းက ခြေထောက် လေ့ကျင့်ခန်းတွေ အတွက် သင့်တော်ပါတယ်။ စက္ကန့် ၃၀ ဒီအတိုင်း နေပေးရပါမယ်။

၅။ Squat Jumps

Photo source: Spotebi

ထိုင်ထလုပ်တဲ့ အချိန် ထိုင်ပြီးနောက် ခုန်ပေးရပါမယ်။ ၁၅ ခါ ခုန်ပေးရပါမယ်။ တင်ပါးကြွက်သားတွေ အတွက် ကောင်းမွန်ပါတယ်။

၆။ Calf Raises

Photo Source: Gifs.com

ခြေသလုံးကြွက်သားအတွက် ကောင်းတဲ့ Calf Raise လေ့ကျင့်ခန်းကို ၁၅ ခါ လုပ်ရပါမယ်။

၇။ Mountain Climbers

Photo Source: Pinterest

ကြမ်းပြင်မှာ လက်ထောက်ကာ ခန္ဓာကိုယ်ကို တစ်ဖြောင့်တည်းထားပြီး ဘယ်နဲ့ ညာဒူးကို ရင်ဘတ်ဆီ ရောက်အောင် ကွေးပေးရပါမယ်။ စက္ကန့် ၃၀ လုပ်ရပါမယ်။

၈။ Plank

Photo source: Spotebi

စက္ကန့် ၃၀ ကြာ Plank ထောက်ပေးရပါမယ်။

By MyStyle Myanmar