Idol ဖက်ရှင်တွေကို စိတ်ဝင်စားကြတဲ့ စာဖတ်သူတို့အားလုံးပဲ မင်္ဂလာပါ။ လတ်တလော နာမည်ကြီးနေတဲ့ မိန်းကလေး Idol အဖွဲ့ (G)I-DLE ကိုတော့ Kpop ပရိတ်သတ်တိုင်း ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်နော်။ (G)I-DLE လို့ ပြောလိုက်တာနဲ့ ချစ်စရာကောင်းတဲ့ Visual ၊ အသံပါဝါကောင်းကောင်းနဲ့ သီဆိုဖျော်ဖြေလေ့ရှိတဲ့ အဖွဲ့ဝင် တရုတ်မလေး Yuqi ကို မျက်မှန်းတန်းမိကြမှာပါ။ သူမဟာ (G)I-DLE အဖွဲ့နဲ့အတူ ၂၀၁၈ ခုနှစ်မှာ ပွဲဦးထွက်ခဲ့ပြီး လူတိုင်းရဲ့ပါးစပ်ဖျားမှာဆွဲနေတဲ့ နာမည်ကြီးသီချင်းများစွာ ထွက်ရှိထားသူဖြစ်ပါတယ်။


နာမည်အပြည့်အစုံ Song Yuqi ဖြစ်ပြီး တရုတ်နိုင်ငံ Beijing မှာမွေးဖွားခဲ့ကာ Idol လေ့ကျင့်မှုတွေလုပ်ဖို့ ၂၀၁၆ မှာ ကိုးရီးယားကို ပြောင်းရွေ့လာခဲ့ပါတယ်။ သူမဟာ တရုတ်၊ ကိုးရီးယားအပြင် English စကားကိုပါ ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်သူပါ။


အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့သူမဟာ ခါးသွယ်သွယ် ကိုယ်လုံးလှလှလေးနဲ့လိုက်ဖက်တဲ့ အလန်းစား ဖက်ရှင်လေးတွေ ဝတ်ဆင်တတ်သူဖြစ်ပြီး ဝတ်သမျှ ဖက်ရှင်တိုင်း Trend ဖြစ်အောင် ဖန်တီးနိုင်တဲ့သူ ဆိုရင်လည်း မမှားပါဘူး။ သူမဝတ်လေ့ရှိတဲ့ Outfit လေးတွေက လူငယ်ဆန်သလို လွတ်လပ်ပြီး အထာကျတာမို့ လူငယ်ကောင်မလေးတွေအကြိုက် ကွက်တိပါပဲ။

ဒါကြောင့်မို့ Yuqi ကို ချစ်တဲ့ ပရိသတ်တွေနဲ့ ဖက်ရှင်ပိုင်းစိတ်ဝင်စားတဲ့ ပျိုမေတို့အတွက် သူမဝတ်လေ့ရှိတဲ့ ဖက်ရှင်လေးတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်နော်။ အထာကျကျဖက်ရှင်လေးတွေဖြစ်လို့ သင်ပါ လိုက်ဝတ်ချင်စိတ်ဖြစ်မှာပါ။

Photo Source: Pinterest

By MyStyle Myanmar