တောင်ကိုရီးယားနိုင်ငံမှာ လက်ရှိရေပန်းစားနေတဲ့ အမျိုးသမီးကေပေါ့ပ်အဖွဲ့တွေထဲမှာ ချစ်စရာကောင်းတဲ့ကောင်မလေးခြောက်ယောက်နဲ့ဖွဲ့စည်းထားတဲ့ Gfriend ကလည်း တစ်ဖွဲ့အပါအဝင်ပါ။

တစ်ယောက်တစ်မျိုး မတူညီတဲ့အလှလေးတွေရှိကြတဲ့ အဖွဲ့ဝင်ခြောက်ယောက်ထဲကမှ မျက်နှာပြည့်ပြည့်ဖောင်းဖောင်းလေးနဲ့ ကလေးလေးလိုချစ်ဖို့ကောင်းတဲ့ Yerin ရဲ့ ဖက်ရှင်တချို့ကို အခုဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Yerin ကိုတော့ ၁၉၉၆ ခုနှစ် ဩဂုတ်လ ၁၉ ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာပဲ မွေးဖွားခဲ့ပါတယ်။ လက်ရှိ အသက် ၂၅ နှစ်ရှိပြီဖြစ်ပြီး အရပ်အမြင့်ကတော့ 1.68 မီတာရှိပါတယ်။

GFriend Member Yerin ရဲ့ ချစ်ဖို့ကောင်းတဲ့ ဖက်ရှင်လေးတွေထဲက အပြင်သွားတိုင်း အိတ်လေးတွေလွယ်ပြီးသွားလေ့ရှိတဲ့ ပျိုမေတို့အတွက် သူမဝတ်ဆင်ခဲ့တဲ့ ဖက်ရှင်တချို့ကို မျှဝေပေးလိုက်ပါတယ်။ အိုင်ဒီယာယူပြီး လွယ်လွယ်ကူကူလိုက်ဝတ်လို့ရတဲ့ ဖက်ရှင်ပုံစံလေးတွေဖြစ်တာကြောင့် လူငယ်ကောင်မလေးတွေနဲ့ GFriend Fan တွေကတော့ ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။