မင်္ဂလာပါနော်။ နွေရာသီဆိုတော့ အရမ်းပူအိုက်ပြီး အဆီပြန်တတ်ပါတယ်။ နွေရာသီမှာ အသားအရေကို သေချာထိန်းသိမ်းသင့်ပါတယ်။
မျက်နှာ အသားအရေ
နွေရာသီမှာ အသားအရေကို သေချာထိန်းသိမ်းသင့်ပါတယ်။ အသားအရေပေါ်က အဆီတွေကို သေချာသန့်စင်ပါ။ အသားခြောက်တတ်ရင်တော့ အဆီတမျိုးမျိုး ထည့်လိုက်ပါ။
ခန္ဓာကိုယ်အသားအရေ
နွေရာသီမှာ ရေဓာတ်ခမ်းခြောက်ပြီး ခန္ဓာကိုယ်အသားအရေခြောက်တတ်ပါတယ်။ ရေများများသောက်ပါ။ Lotion သေချာလိမ်းပေးပါ။
အတွင်းသားအသားအရေကိုဂရုစိုက်ပါ
နွေရာသီမှာ အရမ်းကြပ်တဲ့ အတွင်းခံမျိုးရှောင်သင့်ပါတယ်။ ချွေးထွက်ပြီး ယားယံကာ အသားအရေပျက်စီးနိုင်ပါတယ်။ ဒါ့ကြောင့် သက်သောင့်သက်သာရှိပြီးလွတ်လပ် ပေါ့ပါးတဲ့ အတွင်းခံကို ဝတ်ဆင်ပါ။ အသားအရေအတွက်လည်း သံပရာရည်နဲ့ သကြားရောပြီး ပွတ်လိမ်းပေးပါ။ ပြီးရင် ရေဆေးချလိုက်ပါ။
ချိုင်းကြားအသားအရေ
နွေပူပူဆိုတော့ အင်္ကျ ီလက်ပြတ်တွေ ဝတ်ချင်လာပြီပေါ့။ သင့်ချိုင်းကြားအသားအရေလေးကို သေချာဂရုစိုက်ပါ။
သံပရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်းရောလိုက်ပါ။ ပျားရည်လည်း နည်းနည်းထည့်ပြီး ချိုင်းကြားအသားအရေမှာ လိမ်းပေးလိုက်ပါ။ မိနစ် ၂၀ လောက်ထားပြီး ရေဆေးချလိုက်ပါ။
ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ
ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာဟာလည်း သင့်အသားအရေကို ပိုပြီးလှစေပါတယ်။ဒါ့အပြင် ခန္ဓာကိုယ်ကိုလည်း ကျစ်လျစ်လာစေသလို ကျန်းမာစေမှာမို့ ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုရှိစေမှာပါ။
ဗိုက်ချပ်ချပ်လေးရဖို့
ဗိုက်လေးချပ်ချပ်လေး ဖြစ်နေမှ ရေကူးဝတ်စုံလေးဝတ်ရတာ ယုံကြည်မှုရှိမှာပါနော်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ဝမ်းဗိုက်ချပ်တဲ့ လေ့ကျင့်ခန်းကို ဂရုစိုက်လုပ်ပေးပါ။
တင်သားလေ့ကျင့်ခန်း
တင်သားကျစ်လျစ်လှပနေစေဖို့ Squat ထိုင်တာမျိုးလို တင်သားလေ့ကျင့်ခန်းနဲ့ ပတ်သက်လို့လည်း လုပ်ပေးပါ။
ရေဓာတ်ကြွယ်ဝပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာစားပါ
နွေရာသီမှာ ရေဓာတ်ခမ်းခြောက်တတ်ပါတယ်။ ဒါ့ကြောင့် ရေဓာတ်ကြွယ်ဝပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာစားပေးပါ။ ဆားငန်တဲ့အစားအစာ၊ အသင့်စားအစားအစာ၊ အဆီများတဲ့အစားအစာတွေကို ရှောင်ပါ။
သင့်ခန္ဓာကိုယ်ကို ချစ်ပါ
သင်ဘယ်လိုခန္ဓာကိုယ်အချိုးအစားပဲ ပိုင်ဆိုင်ပါစေ သင်ဟာ လှပြီသားပါ။ ဘယ်သူမှ ပြီးပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ သင့်ခန္ဓာကိုယ်ကို သင်ချစ်မြတ်နိုးပါ။
Photo: www.brightside.me