သင်ထင်သလောက် သင့်ကိုယ်သင် မသိတာက ယုံဖို့ခက်သယောင်ယောင်ပါပဲ။ ကိုယ့်ဆီမှာ ကောင်းတဲ့အကျင့်ရှိသလို ဆိုးတဲ့အကျင့်လည်းရှိနိုင်ပါတယ်။ ဆိုးတဲ့အကျင့်တွေကို သိပြီးနောက်မှာ ဒါတွေကို ပြုပြင်လို့ရပါတယ်။
သင်က လက်ရှိအိမ်မှာဘာမှမလုပ်ပဲ ပျင်းနေတယ်ဆိုရင် ဒီမေးခွန်းတွေကို ဖတ်ကြည့်ပြီး ကိုယ့်အကြောင်းကိုယ်ပိုသိအောင် လုပ်လို့ရပါတယ်။

၁။ ကျရှုံးမှုဆိုတာ မရှိရင် ဘယ်အရာကိုကြိုးစားကြည့်ချင်လဲ

၂။ ငါဘာဝါသနာပါလဲ။ ဘာကိုရူးသွပ်လဲ


၃။ ငါ ဘယ်သူတွေရဲ့ အထင်ကြီးမှုကို လိုချင်လဲ

၄။ ငါအချစ်ဆုံးလူက ဘယ်သူလဲ

၅။ ငါ့ရဲ့ပန်းတိုင်က ဘာတွေလဲ


၆။ ငါ့ကိုယ်ငါ ဘယ်အရာတွေမှာ ဂုဏ်အယူဆုံးလဲ

၇။ ငါ့ဘဝရဲ့ ဦးစားပေးတွေက ဘာလဲ

၈။ ငါ့ဘဝမှာ ဘယ်အရာကို နောင်တအရဆုံးလဲ


၉။ ငါ့မိသားစုကို ငါချစ်လား

၁၀။ ငါ့အလုပ်ကိုချစ်လား


၁၁။ ငါ့ရဲ့အတိတ်ကို ငါပြောချင်တဲ့အရာ

၁၂။ အနာဂတ်ကိုသာ ကြိုသိရမယ်ဆိုရင် ငါဘာသိချင်လဲ

၁၃။ ငါပြင်ချင်တဲ့ ငါ့ရဲ့ အကျင့်ဆိုးတွေက ဘာတွေလဲ


၁၄။ ဘယ်အကျင့်ကောင်းတွေ မွေးမြူချင်လဲ

၁၅။ ငါ့ဘဝရဲ့ ရည်ရွယ်ချက်က ဘာလဲ

၁၆။ ငါ့ကိုယ်ငါ ချစ်လား


ဒီအဖြေတွေအားလုံး ကို ဖြေနိုင်ရဲ့လား။ ဖြေပြီးနောက် သင့်အကြောင်းသင် ပိုသိလာပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar