ဒီကနေ့ခေတ်မှာ နှာတံမလှတဲ့သူတွေဟာ ခွဲစိတ်ပြုပြင်တာမျိုး ပြုလုပ်နေကြပါတယ်။ ဒါဟာ အမြင်ပိုင်းမှာလှပပေမဲ့ ကျန်းမာရေးအတွက် မကောင်းလို့ MyStyle Myanmar ကတော့ အားမပေးချင်ပါဘူး။

သဘာဝနည်းလမ်းလေးတွေနဲ့ လေ့ကျင့်ခန်းလေးပြုလုပ်ပြီး နှာတံလှလှလေးကို အရယူလိုက်ရအောင်ပါ။ အခုပြောပြမဲ့နည်းလမ်းလေးတွေကို လိုက်လုပ်လို့ တကယ်အကျိုးမထူးဘူးလို့ ခံစားမိရင်တောင် နှာခေါင်းကျန်းမာရေးအတွက်ကော အသက်ရှုတာတွေအတွက်ကော ကောင်းမွန်လို့ လုပ်ရတာ အရှုံးမရှိပါဘူး။

လေ့ကျင့်ခန်းပြုလုပ်ပုံတွေကို တင်ပေးလိုက်တယ်နော်။

၁။


လက်ညိုးနဲ့ လက်မကို အသုံးပြုပြီး အပေါ်ကို မမပေးပါ။ တစ်နေ့ကို ၅ မိနစ်လောက် ပုံမှန်လုပ်ပေးပါ။
၂။

အဆီတစ်မျိုးမျိုး (သို့) Vaseline အလှဆီကို လိမ်းပေးပြီး မျက်လုံးနားနဲ့နီးတဲ့ နှာရိုးကို ဖြည်းဖြည်းချင်း ညှစ်ညှစ်ပေးပါ။

၃။

နှာခေါင်းကို အခုပုံမှာပြထားတဲ့အတိုင်း လက်ညိုးနဲ့ တစ်ဖက် လက်သန်းကြွယ်နဲ့ တစ်ဖက် ဆီ ဖိပေးပါ။ ကိုယ်ကတော့ ဘာအကျိုးမှမထူးဘူးလို့ ခံစားရပါလိမ့်မယ်။ ဒါပေမဲ့ အသက်ရှုလမ်းကြောင်းအတွက်လည်း ကောင်းမွန်တဲ့ လေ့ကျင့်ခန်းပါ။ တစ်ဖက်ကို ဖိလိုက်ချိန်မှာ အသက်ပြင်းပြင်း တစ်ချက် ရှုလိုက်ပြီး ၄ စက္ကန့်လောက် အသက်အောက်ပါ။ ပြီးရင် ၆ စက္ကန့်လောက်အချိန်ယူပြီး ရှုထုတ်ပေးပါ။ တစ်နေ့ကို ၁၅ ခေါက်လုပ်ပါ။

၄။

နှာတံပေါ်အောင်လုပ်တဲ့နည်းလေးက တကယ်ကိုစိတ်ဝင်စားစရာကောင်းပါတယ်။ အခုပြောပြမဲ့နည်းကတော့ လက်ညိုးလက်မနဲ့ နှာခေါင်းကို ဖွဖွညှစ်ထားပြီး နှာသီးလေးကို လက်ညိုးလေးနဲ့ ပင့်ပေးပါ။ တစ်နေ့ ၁၀ ခေါက်လုပ်ပါ။

၅။

လက်ညိုးလေးနဲ့ နှာသီးကို ပင့်ပေးပါ။ တစ်နေ့ အခါ ၂၀ လုပ်ပါ။

၆။

ပါးစပ်ကို O ပုံစံ ဖွင့်ထားပြီး လက်ညိုး ၂ ခုကိုအသုံးပြုကာ နှာခေါင်းကို ဖွဖွ ဖိပေးပါ။ အသက်ရှုလို့ရအောင် ဖွဖွဖိပေးရမှာပါ။ တစ်နေ့ ၁၅ ခါကနေ အခါ ၂၀ ထိလုပ်ပေးပါ။