၀မ်းဗိုက်ချပ်ဖို့လေ့ကျင့်ခန်းမလုပ်ခင်မှာ အရင်ဆုံး ဘာတွေရှောင်ရမလဲဆိုတာကို မျှဝေပေးချင်ပါတယ်။

ကျန်းမာရေးနဲ့မညီညွှတ်တဲ့ အဆီတွေရှောင်ပါ။ အဆီရွှဲရွှဲစားတာမျိုးရှောင်ရပါမယ်။ အကြော်တွေမစားရပါဘူး။ ထောပတ်သီးစားပါ။ ညဖက်မှာ ထမင်း၊ (သို့) ဆီကြော်မစားဘဲ အသီးအရွက်ကို ဆီနည်းနည်းနဲ့သုတ်စားတာ၊ ပြုတ်စားတာ၊ ကြက်သားကိုပြုတ်စားတာမျိုးလုပ်နိုင်ပါတယ်။

ညဖက်အိပ်ရေး၀၀အိပ်ပါ။ ရေများများသောက်ပါ။ ဝမ်းမှန်အောင်ဂရုစိုက်ပါ။

၁။ သွေးပူလေ့ကျင့်ခန်းအရင်လုပ်ပါ

ကဲလေ့ကျင့်ခန်းမလုပ်ခင်မှာအရင်ဆုံး သွေးပူသွားအောင် ခြေထောက်နှစ်ဖက်ကို ကားလိုက်၊ စုလိုက်နဲ့ ခုန်ပေးရပါမယ်။ ဖြည်းဖြည်းချင်းပဲခုန်ပေးပါ။ အကြိမ် ၂၀ ကို ၄ ကြော့လုပ်ပေးရပါမယ်။

ခြေထောက်ကို ပြေးနေသလိုမျိုး နေရာမရွှေ့ဘဲခုန်ပေးနေလို့လည်းရပါတယ်။

၂။ ခြေထောက်မမယ်

အရင်ဆုံး ကျောလှဲနေပေးပါ။ လက်နှစ်ဖက်ကို ကြမ်းပြင်မှာ မှောက်လျက်ချထားပေးပါ။ ပြီးရင် အခုပုံမှာပြထားသလို ခြေထောက်ကို အပေါ်မြောက်ပေးရပါမယ်။ မြောက်ပြီး စက္ကန့်၂၀လောက်ထားကာ ဖြည်းဖြည်းချင်းပြန်ချပါ။ ချတဲ့အခါမှာလည်း ကြမ်းပြင်မထိရပါဘူး။ ပြီးရင်ထပ်လုပ်ပါ။ အဲဒီအတိုင်း ၁၀ ကြိမ် ၄ ကြော့လုပ်ပေးရပါမယ်။

၃။ ခုန်မယ်

အရင်ဆုံး မတ်တပ်ရပ်နေပါ။ ပြီးရင်အခုပုံမှာပြထားသလို တစ်ဝက်လောက်ထိုင်ချပါ။ ပြီးရင် အပေါ်ကို နည်းနည်းကြွခုန်ပါ။ ပြီးရင်ပြန်ထိုင်ပါ။ ထပ်ခုန်ပါ။ အဲဒီအတိုင်း ၁၀ ကြိမ် ၄ ကြော့လုပ်ပေးရပါမယ်။

၄။ Twist Push Up

အရင်ဆုံး အခုပုံမှာပြထားသလို လေးဖက်ထောက်ထားပါမယ်။ ပြီးရင် တဒေါင်ကနေကွေးလိုက်ပါ။ ပြီးရင်လက်ကို တန်းတန်းပြန်ဆန့်ပြီး ခြေထောက်တစ်ဖက်ကို တဒေါင်နားထိ ထိအောင် မပေးပါ။ ပြီးရင်နောက်တခါ ဒိုက်ထပ်ထိုးပါ။ နောက်ထပ်ခြေထောက်တစ်ဖက်ကို လုပ်ပေးပါ။ ဘယ်ညာကိုမှ ၁ ကြိမ်လို့မှတ်ပါ။ ၅  ကြိမ် ၄ ကြော့လုပ်ပေးရမှာဖြစ်ပါတယ်။

၅။ Abdominal Resistance

အရင်ဆုံး ဒူးထောင်ပြီး လှဲနေပါ။ ပြီးရင်ခန္ဓာကိုယ်အပေါ်ပိုင်းကို ကြွနိုင်သလောက်ကြွပြီးထပေးရပါမယ်။ ၁၀ ကြိမ် ၄ ကြော့ဖြစ်ပါတယ်။

အခုဖော်ပြခဲ့တဲ့လေ့ကျင့်ခန်းတွေအားလုံးကို မနက်ပိုင်း လုပ်ပေးနိုင်ပါတယ်။ ည အိပ်ယာမဝင်ခင်လည်းလုပ်ပေးလို့ရပါတယ်။