မင်္ဂလာပါနော်။ ဆန်ဆိုတာ ကျွန်မတို့အတွက် အရေးပါလှတဲ့ အစားအစာပါ။ ကျန်းမာရေးအတွက်ကောင်းမွန်ပြီး အားရှိစေရုံသာမက သင့်ရဲ့ အလှအပအတွက်လည်း အသုံးဝင်ပါတယ်။ အသားအရေကို ပိုပြီးကောင်းမွန်စေတဲ့ သဘာဝ အစားအစာလည်းဖြစ်ပါတယ်။

ဆန်ကို အသားအရေပြဿနာနဲ့ ပတ်သက်လို့ ဂျပန်လူမျိုးတွေ အသုံးပြုလေ့ရှိပါတယ်။ ဆန်မှာ Linoleic Acid နဲ့ Squalene ဆိုတဲ့ Antioxidant တွေပါဝင်ပြီး သင့်အသားအရေ အရေးကြောင်းဖြစ်ခြင်းကို နှေးကွေးစေပါတယ်။ ဒါ့အပြင် Collagen တွေထုတ်ပေးတဲ့ Antioxidant တွေဖြစ်တဲ့ အရေးကြောင်းတွေကိုလည်း လျော့ပါသက်သာစေပါတယ်။

ဆန်မှာ ဗီတာမင် E လည်းပါဝင်ပြီး သင့်အသားအရေကို စိုပြေစေပါတယ်။

ဆန်ကို အသုံးပြုပြီး အရေးကြောင်းတွေကို လျော့ပါးသက်သာအောင် လုပ်လိုက်ရအောင်။

ပါဝင်ပစ္စည်း

နို့ စားပွဲတင်ဇွန်း ၁ ဇွန်း (ပဲနို့ (သို့) နွားနို့)

ဆန် စားပွဲတင်ဇွန်း ၃ ဇွန်း

ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြင်ဆင်ခြင်း

အရင်ဆုံး ဆန်ကို ရေနဲ့ထည့်ပြီး ပြုတ်လိုက်ပါ။ ပွက်ပွက်ဆူလာတာနဲ့ ထမင်းရည်ကို ဆစ်ထားပါ။

အဲဒီနောက် ခွက်တစ်လုံးထဲမှာ ထမင်း၊ နို့ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်လိုက်ပြီး ပျားရည်လည်းထည့်ပါ။ ရောအောင် မွှေပေးလိုက်ပါ။ မျက်နှာကို အရင်ဆုံး သစ်ပေးလိုက်ပါ။

ပြီးရင်တော့ စောစောက လုပ်ထားတာကို မျက်နှာပေါ်မှာလိမ်းပေးပါ။ ခြောက်သွားပြီဆိုရင် စောစောက စစ်ထားတဲ့ ထမင်းရည် အေးအေးနဲ့ မျက်နှာသစ်ချလိုက်ပါ။

ထမင်းရည်မှာ Antioxidant တွေပါဝင်တာကြောင့် သင့်အသားအရေအတွက် ကောင်းမွန်သလို အရေးကြောင်းတွေသက်သာပြီး အသားအရကို စိုပြေစေပါတယ်။